ပရိသတ်ကိုစိတ်ပူတာကြောင့် Mask တပ်ကြဖို့သတိပေးလိုက်တဲ့ ဝတ်မှုန်ရွှေရည်

Posted on

မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာသက်တမ်း(၁၀)နှစ်ကျော်ရှိပြီဖြစ်သလို အကယ်ဒမီ(၂)ဆုရရှိထားတဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို Brand တော်တော်များများနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။


အသက်နဲ့မလိုက်အောင်နုပျိုတဲ့မော်ဒယ်လ်၊မင်းသမီးချောလေးကတော့ ပရိသတ်တွေကို ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့သတိပေးလိုက်တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘယ်သွားသွား အထူးဂရုစိုက်ပီး Mask တပ်ကြနော် .. အားလုံးကို စိတ်ပူတယ်..”ဆိုပြီးတော့ရေးသားထားပြီး ကိုယ်တိုင်ကလည်း Mak တပ်ထားသလို လက်ဆေးရည်ပုလင်းလေးကိုဆောင်ထားတာလည်း တွေ့ရပါတယ်။ လက်ရှိအချိန်ကတော့ ကပ်ရောဂါဆိုးကြီးပြန်လည်ပျံ့နှံ့ကူးစက်လာမယ့်အခြေအနေကို စိုးရိမ်နေရတာပါ။


ဝတ်မှုန်ရွှေရည်ကတော့ ကိုဗစ်မဖြစ်ခင်အချိန်နဲ့ဖြစ်ပွားနေစဉ်အချိန်မှာ လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းခဲ့သူတစ်ယောက်ပါ။ မကြာသေးခင်ကလည်း ပင်ပင်ပန်းပန်းနဲ့ Delivery ပိုတဲ့သူတွေကို လက်ဆောင်တွေပေးခဲ့ပါသေးတယ်။ စိတ်ထားကောင်းတဲ့မင်းသမီးချောလေးကတော့အခုလည်း Mask တပ်ကြဖို့ သတိပေးလိုက်ပြန်ပါပြီနော်…
Source : WuttHmoneShweYi