“လိမ်စမ်းညာစမ်း” သီချင်းရဲ့ Music video ထွက်ရှိတော့မယ့် ရက်ကိုကြေညာလိုက်တဲ့ စိုင်းစိုင်း

Posted on

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ်နှစ်စုကျော်တိုင် အောင်မြင်မှုတွေ ဆွတ်ခူးထားပြီး အမာခံအားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုတတ်ပြီး သီချင်းတွေရဲ့ Music video တွေကိုလည်း အကောင်းဆုံးရိုက်ကူးကာ ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ လက်ရှိမှာတော့ သူ့ရဲ့ Sai Sai is Sai Sai တေးစီရီးအယ်လ်ဘမ်ထဲက အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “လိမ်စမ်းညာစမ်း” သီချင်းရဲ့ Music video ထွက်ရှိတော့မယ့် ရက်ကို ” လိမ်စမ်းညာစမ်း music video ဒီ Sunday ထွက်ပါမယ် ကျနော့် Music Video တွေ အမြဲကြည့်ရှုအားပေးဖို့အတွက် SAI SAI YouTube channel ကို subscribe လုပ်ထားကြပါခင်ဗျာ ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ကြေညာထားပါတယ်။ “လိမ်စမ်းညာစမ်း” သီချင်းကိုတော့ အဆိုတော် မောင်မောင်ပြည့်စုံနဲ့အတူ သီဆိုထားတာဖြစ်ပြီး ဒီသီချင်းလေးရဲ့ Music video ကတော့ လာမည့် ဇွန်လ(၂၈)ရက်နေ့မှာ ထွက်ရှိလာမှာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော် ဒိတ်ဒိတ်ကြဲအဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sai Sai is Sai Sai တေးစီရီးအယ်လ်ဘမ်ထဲက အောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “လိမ်စမ်းညာစမ်း” သီချင်းရဲ့ Music video ကိုတော့ လာမည့် ဇွန်လ(၂၈)ရက်နေ့မှာ ထွက်ရှိမှာပါတဲ့နော်။

Source: Sai Sai Kham Leng
DarDar-CeleGabar