ကိုယ့်ဘဝကိုယ့်စိတ်ကြိုက်နေခွင့်ရလို့ ပျော်တယ်ဆိုတဲ့ နီနီခင်ဇော်

Posted on

MelodyWorld ပြိုင်ပွဲကနေပရိတ်သတ်တွေရဲ့ရင်ထဲရောက်လာတာကတော့ချစ်စရာပုံရိပ်လေးတွေပိုင်ဆိုင်ထားတဲ့အဆိုတော်မလေးနီနီခင်ဇော်ပဲဖြစ်ပါတယ်။ နီနီသီဆိုတဲ့ သီချင်းတွေကို ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပြီး အချိန်တိုလေးအတွင်းမှာ အောင်မြင်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။

အသံပါဝါအားကောင်းကောင်းနဲ့ အလွမ်းအဆွေး အမြူး သီချင်းတွေအားလုံးကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို သီးခြားစီးပွားရေးတစ်ခုအနေနဲ့ Super Red အလှကုန်တွေကိုလည်း ထုတ်လုပ်ရောင်းချနေတာ ပရိသတ်တွေအားလုံးသိပြီးဖြစ်မှာပါ ။ လတ်တလောမှာတော့ နီနီက “သီချင်းတွေ ဆိုလိုက် ချစ်ရတဲ့သူတွေကို Super Red အတွက် ကြိုးစားလိုက်နဲ့ မအားရပေမယ့် ကိုယ့်ဘဝကိုယ့်စိတ်ကြိုက် နေထိုင်ခွင့်ရနေတာမို့ ပျော်ပါတယ်…” ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။

သူမရဲ့ ပရိသတ်တွေကတော့ ဘဝမှာ ပျော်ဖို့က အဓိက ပဲ ဆိုတဲ့မှတ်ချက်လေးတွေနဲ့အတူ နီနီကိုအားပေးဝန်းရံနေကြတာတွေ့ရပါတယ် ။ နီနီရဲ့ သီချင်းတွေကိုရော Super Red ကိုအားပေးကြတဲ့ ပရိသတ်တွေရောအတွက် နီနီရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source :NiNi Khin Zaw
Emily (Cele Gabar)