Covid-19 နဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် စိုးရိမ်စကားဆိုလာတဲ့ ရန်အောင်

Posted on

ပရိသတ်ကြီးရေ covid-19 ရောဂါပိုးဟာ Second Wave အနေနဲ့ ကူးစက်ပြန့်ပွားနှုန်း တိုးမြင့်လာတဲ့အတွက် အားလုံးဂရုတစိုက်နဲ့သွားလာနေကြရပြီ ဖြစ်ပါတယ် ။ အနုပညာရှင်တွေကလည်း တတ်နိုင်သလောက် ချစ်ရတဲ့ ပရိသတ်တွေအတွက်သတိပေးစကားတွေ ဆိုထားကြတာလည်းတွေ့ရပါတယ် ။ ပရိသတ်အချစ်တော် အကယ်ဒမီများရှင် ရန်အောင်ကလည်း ပရိသတ်တွေအတွက် Covid-19 နဲ့ပတ်သက်တဲ့ စိုးရိမ်စကားတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။


ဒီနေ့ကစပြီး ပရိသတ်တွေအားလုံး အနေအထိုင်/အသွားအလာပြန်ပြီး ဆင်ခြင်ကြပါဖို့နဲ့ Covid-19 က အရင်ထက် ၁၀ဆ မြန်တဲ့အသွင်ပြောင်း ဗိုင်းရစ်ပိုးအဖြစ် မြန်မာနိုင်ငံထဲကို ရောက်ရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ၂လ ၃လ လောက်တုန်းက သတိထားပြီး နေထိုင်ကြသလို ပြန်နေကြဖို့နဲ့ အားလုံး ညီညီညာညာ ဂရုစိုက်ရင်အလွယ်တကူ ကာကွယ်နိုင်မှာဖြစ်ကြောင်း ကိုရေးသားဖောြ်ပခဲ့တာပါ ။ ကာကွယ်ဆေးလည်း ပေါ်နေ/ပေါ်ဆဲ/ပေါ်ခါနီး အချိန်မှာ အားလုံး(စိတ်ညစ်စရာလို့မတွေးဘဲ)ပျော်ပျော်ရွှင်ရွှင် ဂရုစိုက်ပြီး ကာကွယ်ကြပါစို့လို့လည်း ပရိသတ်တွေအားလုံးအတွက် တိုက်တွန်းစကားဆိုထားပါသေးတယ် ။

ရန်အောင်အပါဝင်အနုပညာရှင်တွေတော်တော်များများကတော့ သူတို့တတ်နိုင်တဲ့ဘက်ကနေ ပရိသတ်တွေအတွက် ဂရုတစိုက်နေထိုင်ကြဖို့ အသွားလာ ဆင်ခြင်ကြဖို့ကို ဆော်သြနေကြသလို ပရိသတ်ကြီးလည်း လွန်ခဲ့တဲ့ လတွေတုန်းက သတိနဲ့ နေထိုင်သလို ပြန်နေထိုင်ကြဖို့ ဆယ်လီကမ္ဘာကလည်း တိုက်တွန်းလိုက်ပါရစေနော် ။

Source : Yan Aung
Emily (Cele Gabar)