နာမည်မှားယွင်းခေါ်ဆိုနေကြသူတွေကို သတိပေးစကားဆိုလိုက်တဲ့ သင်ဇာဝင့်ကျော်

Posted on

သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းနာမည်ကြီး မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဆက်ဆီကျတဲ့ ဖက်ရှင် တွေကြောင့် အထူးရေပန်းစားကျော်ကြားတဲ့ မင်းသမီးတစ်ယောက်ပါ ။ သူမရဲ့ ဝတ်စားဆင်ယင်မှုတွေ အပေါ် ဝေဖန်မှုတွေရှိသလို အားပေးထောက်ခံနေကြတဲ့ ပရိသတ်တွေလည်း အများအပြားပါပဲ ။

နေထိုင်မှုပုံစံရော စကားအပြောဆိုရော ပွင့်လင်းတဲ့သင်ဇာကတော့ လတ်တလောမှာတော့ သူမနာမည်ကို မှားယွင်းခေါ်ဆိုနေကြတဲ့အပေါ် သတိပေးစကားဆိုလာခဲ့ပါတယ် ။လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေပန်းစားနေတဲ့ real_name_challenge လေးမှာပါဝင်ခဲ့တာဖြစ်ပြီး သင်ဇာကလည်း ဖေ့ဘုတ်စာမျက်နှာထက်မှာ Challenge လုပ်တဲ့အနေနဲ့ တင်ဇာဝင့်ကျော် မဟုတ်သလို သဉ္ဇာဝင့်ကျော် ဒီလိုစာလုံးပေါင်းတာလဲမှားပါတယ် သင်ဇာဝင့်ကျော် ပါ သိဖို့ ဆိုတဲ့စာသားလေးကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

သင်ဇာနာမည်ကို မှားယွင်းခေါ်ဆိုနေကြတဲ့ သူတွေအားလုံး ကို သင်ဇာက သူမနာမည်အရင်းကို ပရိသတ်တွေအားလုံးသိအောင် ပြောပြလာတာပဲဖြစ်ပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ခုချိန်ထိ သင်ဇာနာမည်ကို မှားနေတဲ့သူတွေ ရှိသေးလား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Thinzar Wint Kyaw
Emily (Cele Gabar)