အသည်းကွဲတဲ့အချိန်ဆို ဘာတွေလုပ်ဖြစ်ကြလဲ လို့ ပရိသတ်တွေကို မေးခွန်းထုတ်လာတဲ့ အလင်းရောင်

Posted on

မိန်းကလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသားချောလေး အလင်းရောင်ကတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိပြီးသားမင်းသားတစ်လက်ပါ ။ ကိုရီးယားမင်းသားလေးလို ချောမောတဲ့ရုပ်ရည်ကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မင်းသားလေးတစ်လက်ဖြစ်လာခဲ့တာပါ ။

အလင်းရောင်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေကို အချိန်နဲ့တပြေးညီ မျှဝေပေးနေတဲ့ မင်းသားတစ်ယောက်ပါ ။ လတ်တလောမှာတော့ အသည်းကွဲဖူးကြလား အသည်းကွဲတဲ့အချိန်ဆို … ဘာတွေ လုပ်ဖြစ်လဲ ဆိုတဲ့ စာသားလေးနဲ့အတူ ခပ်ဆွေးဆွေးပုံရိပ်လေးတစ်ခုကို ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။

ပရိသတ်တွေကတော့ အလင်းရောင်ရဲ့ ပုံနဲ့ စာသားတွေကြောင့် အလင်းရောင်တစ်ယောက် အသည်းကွဲနေပြီလားလို့ ဝိုင်းပြီးမေးခွန်းထုတ်နေကြတာလည်းတွေ့ရပါတယ် ။ အလင်းရောင်ရဲ့ အမာခံပရိသတ်တွေကတော့ သူတို့အသည်းကွဲနည်းကို ဖြေဖျောက်ခဲ့ပုံတွေကိုလည်း မှတ်ချက်ရေးသားပြီး အကြံပြုထားကြတာလည်းတွေ့ရပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးရော အလင်းရောင်အသည်းကွဲနေတယ်လို့ထင်လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : ALinnYaung
Emily (Cele Gabar)