သားလေးရဲ့(၃) နှစ်ပြည့်မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေ အများကြီးပြုလုပ်ပေးခဲ့တဲ့ မိုးယုစံ

Posted on

အနုပညာအလုပ်တွေရပ်နားပြီး ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ မိုးယုစံတို့မိသားစုလေးကိုတော့ ပရိသတ်တွေအားလုံးချစ်ကြလိမ့်မယ် ထင်ပါတယ်နော်။ မနေ့က သြဂုတ်လ(၂၁) ရက်နေ့လေးကတော့ သားလေး Austin ရဲ့ (၃) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မေမေမိုးယုစံကတော့ သားလေးအတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ပေးခဲ့ကြောင်းကို မျှဝေလာပါတယ်။

သားသားကောင်းသိင်္ခမိုးသူ (၃) နှစ်ပြည့်အလှူအဖြစ် သံဃာတော် (၁၁၈)ပါး ကျောင်းတိုက်(၅)တိုက်အား အာရုံဆွမ်းနှင့်တစ်ပါးလျှင် ဝတ္ထုငွေ(၅၀၀၀)ကျပ်စီ လှူဒါန်းပေးခဲ့တဲ့အပြင် အိမ်မှာလည်း သံဃာတော်အပါး(၃၀)အား တန်းဆွမ်း လှူဖွယ်အပစ္စည်း နှင့် တစ်ပါးလျှင် ဝတ္ထုငွေ(၅၀၀၀)ကျပ်စီကို သားသားလေးမွေးနေ့အလှူအဖြစ် လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ…

သားလေးရဲ့မွေးနေ့ရက်မြတ်လေးမှာတော့ သံဃာတော်တွေအတွက် ကုသိုလ်ဒါနပြုပေးခဲ့ပြီး မွေးနေ့ညလေးကိုတော့ မိသားစုဝင်တွေနဲ့ပဲ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့မှာ ပျော်ရွှင်စွာကုသိုလ်ဒါနပြုလုပ်ခဲ့တဲ့ သားလေး Austinရဲ့ ပုံရိပ်လေးတွေ မျှဝေပေးရင်း လိမ္မာယဉ်ကျေးပြီး မိဘကို သိတတ်တဲ့သားလေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source – Moe Yu San
Rainbow- Cele Gabar