ပိုးမီရဲ့သီချင်းလေးကို အမိုက်စားပြန်လည်သရုပ်ဆောင်ထားတဲ့ ကျော်မင်းဦးနဲ့ မိတ်ကပ်ခင်စန်းဝင်း

Posted on

အောင်မြင်ကျော်ကြားတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ ခင်စန်းဝင်းကတော့ မကြီးစန်းဆိုပြီး အနုပညာရှင်တွေသာမက ပရိသတ်တွေကပါ အချစ်ပိုနေရသူတစ်ယောက်ပါ။ နောက်ပိုင်းမှာ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့သာမက အနုပညာအလုပ်တွေပါ တစ်စထက်တစ်စလုပ်လာနိုင်တဲ့အထိ ပရိသတ်အားပေးမှု ရရှိလာသူလည်း ဖြစ်ပါတယ်။

မကြီးစန်းကတော့ ဒီတစ်ခေါက်မှာ သူအရမ်းကြိုက်ခဲ့ရတဲ့ ပိုးမီရဲ့ “အလိုက်တသိ” သီချင်းလေးကို Cover ပြန်လည်သရုပ်ဆောင်ဖို့ စဉ်းစားခဲ့ပြီး ဘောလုံးမင်းသားကျော်မင်းဦးနဲ့အတူတူ ရိုက်ကူးခဲ့ပါတယ်။ ကျော်မင်းဦးကတော့ ဘောလုံးကစားသမားတစ်ယောက်ဖြစ်သလို နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေလည်း တွဲဖက်လုပ်ကိုင်လာသူပါ။ ဒီသီချင်းဗွီဒီယိုလေးကတော့ သူ့အတွက်ပထမဆုံး အိုက်တင်တွေ အများဆုံးလုပ်ခဲ့ရတဲ့ သီချင်းဗွီဒီယိုလေးဖြစ်ပေမယ့် မကြီးစန်းနဲ့အတူ အလိုက်ဖက်ဆုံးသရုပ်ဆောင်သွားနိုင်တာကို တွေ့ရမှာပါ ပရိသတ်ကြီးရေ..

 

ပိုးမီရဲ့ အလိုက်တသိ သီချင်းလေးကတော့ ပရိသတ်ပါးစပ်ဖျားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့သီချင်းလေးဖြစ်သလို မကြီးစန်းလည်းအရမ်းကြိုက်ခဲ့တာကြောင့် ကိုယ်တိုင် ပြန်လည်သရုပ်ဖော်ထားတဲ့ ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Khin San Win
Rainbow- Cele Gabar