“ညဇာတ်ခုံမှာ နေသာပြီ” သဘင်အကအလှကို မနက်ဖြန်ညမှာ ရှုစားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်တဲ့ ဖိုးချစ်

Posted on

ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် သဘင်ပညာကိုချစ်မြတ်နိုးပြီး အဓွန့်ရှည်အောင်ထိန်းသိမ်းနေတဲ့ မြို့ရွှေမန်းသားလေးဖိုးချစ်ကတော့ သဘင်ချစ်သူတိုင်းရဲ့ အဖိုးမဖြတ်နိုင်တဲ့မင်းသားတစ်လက်ပါ။ ဖိုးချစ်ကတော့ အခုလိုကိုဗစ်ကာလမှာ ပွဲတွေရပ်နားထားရတာကြောင့် သူ့လိုပဲ သဘင်ကိုချစ်မြတ်နိုးကြတဲ့ပရိသတ်တွေ၊ ပွဲငတ်နေတာကြာပြီဖြစ်တဲ့ ပရိသတ်တွေအတွက် အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။

သူ့ရဲ့ ပေ့ချ်ဖြစ်တဲ့ ” မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်” ပေ့ချ်လေးကနေတဆင့် ပရိသတ်တွေကို Live လွှင့်ကာ ဖျော်ဖြေပေးသွားဖို့ စီစဉ်ထားခဲ့ပြီး မနက်ဖြန် သြဂုတ်လ(၂၃) ရက်နေ့လေးမှာတော့ ပြသတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးခဲ့ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့ည (၇)နာရီ မှ (၉) နာရီအထိ သူ့ရဲ့ Page လေးမှာ အချိန်နဲ့တပြေးညီ Live လွှင့်ပြသသွားမှာဖြစ်လို့ ပရိသတ်ကြီးကို စောင့်မျှော်အားပေးကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

သဘင်ပညာနဲ့ ပရိသတ်တွေကို အမြဲအလေးအနက်ထားတဲ့ ဖိုးချစ်ရဲ့ “ညဇာတ်ခုံမှာ နေသာပြီ ” အကအလှအမြည်းဗွီဒီယိုလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ပရိသတ်ကြီးရေ.. မနက်ဖြန် ညကျရင် ဖိုးချစ်ရဲ့သဘင်အကအလှတွေကို live လွှင့်ပြသသွားမှာမို့ ဖိုးချစ်ရဲ့ ပေ့ချ်လေးကို စောင့်ကြည့်ကြဖို့ မမေ့ပါနဲ့ဦးနော်။

Source – မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ဇာတ်အလှသဘင်
Rainbow- Cele Gabar