သူမရဲ့မိတ်ကပ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး ဝေဖန်နေသူတွေကို ပညာသားပါပါတုံ့ပြန်လိုက်တဲ့ နေခြည်ဦး

Posted on

မြန်မာနိုင်ငံရဲ့ထိပ်တန်း ဗျူးတီးဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ဗျူးတီးဘလော့ဂါ တစ်ယောက်အဖြစ်လူသိများခဲ့ပြီး ခုဆိုရုပ်ရှင်တွေပါ ခေါင်းဆောင်မင်းသမီးအဖြစ်ရိုက်ကူးနေပြီဖြစ်ပါတယ် ။ အနုပညာရှင်တွေရဲ့ထုံးစံအတိုင်း ချီချီကလည်း ဝေဖန်တိုက်ခိုက်မှုတွေ ကို အခြားအနုပညာရှင်တွေနည်းတူ ကြုံတွေ့နေရပါတယ် ။

မကြာသေးမီက သူမကိုမေဦး ပြင်ဆင်ပေးခဲ့တဲ့ မိတ်ကပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ် ။ ချီချီကတော့ ကိုယ့်ရှိရင်းစွဲရုပ်ကို လက်မခံနိုင်ပဲဓါတ်ပုံရိုက်လိုက်ရင် filter နဲ့ effect သုံးပြီး ဖုံဖွေးဖြူဖြဲနေအောင်ရိုက်တက်တဲ့သူနဲ့
Make up look တွေအကြောင်းဘာတစ်ခုမှ နားမလည်ပဲ natural ဗူးသီးလို့ပြော အာချီ တွေဖွေးနေအောင်လိမ်းပြီး ဆရာဝင်လုပ် အာချောင်နေတဲ့ သူတွေအတွက်တော့ တာဇံကိုမြို့ထဲခေါ်လာသလိုဖြစ်နေမှာပေါ့နော် ကိုယ်ကတော့ကိုယ်ပြင်ကိုယ်လှပဲ ဆိုတဲ့ စာသားနဲ့အတူ ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။

သူမရဲ့ချီလီတွေကတော့ ချီချီဘက်က နေ အပြည့်ဝထောက်ခံအားပေးနေကြပြီး မေဦးရဲ့ ပြင်ဆင်ခြယ်သမှုကိုလည်း ချီးကျူး မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ ချီချီကတော့ ထုံးစံအတိုင်း သူမကို ဝေဖန်တိုက်ခိုက်နေသူတွေကို ဟာသလေးနှောပြီး အခုလို ပညာသားပါပါ ပြန်လည်တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ် ။

Source : Nay Chi Oo
Emily (Cele Gabar)