လူလွတ်တွေရော အိမ်ထောင်ရှင်တွေပါမကျန် ဝန်းရံနေကြတဲ့ နန္ဒာလှိုင်ခင်ပွန်း ဦးဇေသီဟရဲ့ စကားတစ်ခွန်း

Posted on

ပရိသတ်တွေ အသည်းစွဲချစ်ခဲ့ကြတဲ့ မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟနဲ့ လက်ထပ်ပြီးနောက် အနုပညာအလုပ်တွေ ရပ်နားခဲ့ပြီး အိမ်ထောင်ရှင်မကောင်းတစ်ယောက် အဖြစ် သားသမီးတွေနဲ့ အတူ ပျော်ရွှင်စွာနေထိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ခင်ပွန်းဖြစ်သူရဲ့ ချစ်ခင် ဂရုစိုက်မှုတွေကို ခံရပြီး အိမ်ထောင်ရေး ကံကောင်းသူမို့ ပရိသတ်တွေအားကျနေရတဲ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့သူဆိုလည်း မမှားပါဘူးနော် ။

အိမ်ထောင်ပြုပြီး ခင်ပွန်းဖြစ်သူရဲ့ ချစ်ခင်အလိုလိုက်မှုတွေ အလိုက်သိမှုတွေကြောင့် ကံကောင်းတဲ့သူလို့တောင် ပရိသတ်တွေက အခိုင်အမာမှတ်ချက်ချခဲ့ကြတာပါ ။ လတ်တလောမှာတော့ ခင်ပွန်းဖြစ်သူရဲ့ Comment တခုကို ပရိသတ်တွေက ဝန်းရံအားပေးနေကြတာတွေ့ရပါတယ် ။ ဦးဇေသီဟက ဇနီးဖြစ်သူအပေါ် ပြုမူလေ့ရှိတဲ့အချက်လေးတွေကို ရေးသားထားတာဖြစ်ပြီး မိန်းကလေးတိုင်းလိုချင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ပုံစံဖြစ်ကြောင်း ပရိသတ်တွေက ဝေမျှခဲ့ကြတာပဲဖြစ်ပါတယ် ။

ဦးဇေသီဟကတော့ ဒီပို့စ်လေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြန်လည်မျှဝေပေးခဲ့ပြီး တော်ကီတစ်ပေါက် စော် တစ်ယောက် လို့ ဟိုဘဝက ဆုတောင်းခဲ့တာ ပြန်ရုတ်သိမ်းလိုက်ပါပြီ။ အခုက အိမ်ထောင်ရှင်တွေပါ ဝန်းရံနေကြလို့ နောက်တခကျါ လွှတ် မမန့်တော့ပါဘူး ဆိုတဲ့စာသားလေးကို အရွှန်းဖောက်ရေးသားထားပါသေးတယ် ။

Source : Zay Thiha
Emily (Cele Gabar)