ပရိသတ်အချစ်တော် ဇာတ်မင်းသားလေး ဖိုးချစ်ကတော့ ဇာတ်သဘင်လောကမှာ မသိသူမရှိလောက်အောင် သဘင်လောကသားတွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဇာတ်သဘင်လောကကိုချစ်မြတ်နိုးတဲ့ ဖိုးချစ်တစ်ယောက်ကတော့ ဇာတ်သဘင်အစည်းအရုံးရဲ့ ဥက္ကဌရာထူးကို ထိုက်ထိုက်တန်တန်ရရှိထားသူ တစ်ယောက်ဖြစ်ပြီး ဇာတ်သမားတွေအားလုံးကလေးစားရတဲ့ သူတစ်ယောက်ပါ ။
မကြာသေးမီကလည်း Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ ဇာတ်လောကသား (၁၉၀၀၀) အတွက်ထောက်ပံ့ပေးချင်ပေမယ့် မလုံလောက်နိုင်တဲ့ ဗဟိုငွေရဲ့ ကောက်ခံရရှိမှုတွေကြောင့် မန္တလာမင်းက ဆုချီးမြင့်ထားတဲ့ သူ့ရဲ့ ကားကို ဘဏ်မှာ ချေးငှားစနစ်နဲ့ထားပြီး ရရှိတဲ့ ငွေနဲ့လှူဒါန်းသွားမယ့်အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ် ။ ခုလို ဖိုးချစ်ဟာ ဇာတ်သဘင်အစည်းရုံးရဲ့ ဥက္ကဌ ပီသစွာ ဇာတ်သမားတွေအားလုံးအတွက် ကိုယ်ကျိုးမကြည့်ဘဲ ကြည့်ရှုစောင့်ရှောက်ပေးတဲ့ အတွက် ထိုက်တန်တဲ့ ဆုတစ်ခုကို လက်ခံရရှိခဲ့ပါပြီ ။
မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဌ ဦးဖိုးချစ်ကို စစ်ကိုင်းတိုင်းဒေသကြီးမှ လူမှုရေးလုပ်ငန်းများအတွက် အမြင့်ဆုံးချီးမြှင့်တဲံ ‘ဇေယျာ လူမှုထူးချွန် (ပထမဆင့်)” ဆုကို အပ်နှင်းချီးမြှင့်ခဲ့တယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး – ဗဟို Page ကနေတဆင့် ပရိသတ်တွေကိုအသိပေးခဲ့တာဖြစ်ပါတယ် ။ ဖိုးချစ်ကို ချစ်တဲ့ ချစ်ပရိသတ်ကြီးလည်း အတိုင်းထက်အလွန် ဂုဏ်ယူဝမ်းမြောက်နေကြမယ်ထင်ပါတယ်နော် ။
Source : မြန်မာနိုင်ငံသဘင်အစည်းအရုံး – ဗဟို
Emily (Cele Gabar)