တစ်ခါမှ နှစ်ယောက်ပြိုင်မချစ်ဖူးလို့ ဒုတိယမြောက် ရင်သွေးလေးအတွက် ရင်ခုန်နေတယ်ဆိုတဲ့ မိုးယုစံ

Posted on

မိုးယုစံကတော့ ရုပ်ရှင်ကားတွေ၊ ဗီဒီယိုဇာတ်ကားတွေ များစွားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာ အနုပညာလောကမှာ လှုပ်ရှားမှုသိပ်မရှိပေမယ့် ဖေ့ဘုတ်စ် ပေါ်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှုတွေကို မျှဝေပေးလျက်ရှိပါတယ် ။

သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မိုးယုကတော့Austin ဆိုတဲ့ သားလေးတစ်ယောက်အပြင် အခုလက်ရှိမှာ ဒုတိယ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ် ။ သူမအနေနဲ့ နှစ်ယောက်လည်း မချစ်ဖူးသလို နှစ်ခါလည်း မချစ်တတ်ပေမယ့် ခုလို နောက်ထပ်ရင်သွေးလေးရလာပြီဆိုတော့ လည်း တစ်ယောက်ကို ပိုသွားမလား တစ်ယောက်ကို လျော့သွားမလားဆိုတဲ့ စိုးရိမ်မှုလေးတွေ ရှိနေတယ်လို့ ပြောပြလာခဲ့ပါတယ် ။ သားလေးရပြီးပြီဆိုတော့ သမီးလေးလိုချင်ပေမယ့် သားနှစ်ယောက် ဆိုလည်း အသက်ကြီးလာတဲ့ အခါ လင်မယားနှစ်ယောက် အေးဆေးနေရတာပေါ့လို့ သူမရဲ့ ခံစားချက်လေးကို လည်း ဖွင့်ဟခဲ့ပါသေးတယ် ။

မိုးယုကတော့ သူမရဲ့နောက်ထပ်မွေးလားမယ့် ရင်သွေးလေးက သားသားလေးလား မီးမီးလေးဆိုတာ ကို ရင်ခုန်နေပါပြီ ပရိသတ်ကြီးရေ ..။ Austin လေးကိုချစ်တဲ့ ပရိသတ်တွေလည်း နောက်ထပ်မွေးလာမယ့် ဂျူနီယာ Austin လေးက သားသားလေးလား မီးမီးလေးလား သိချင်နေကြပြီထင်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)