အကူအညီလာတောင်းတဲ့ ဇာတ်ပို့ဇာတ်ရံတစ်ဦးကို ချက်ချင်း နိုင်သလောက်လှူဒါန်းပေးခဲ့တဲ့ ဖြူဖြူထွေး

ကိုယ်ကိုယ်တိုင်အောင်မြင်မှုရရှိလာတာနဲ့အမျှ အခြားသူတွေကိုပါလက်တွဲခေါ်ယူဖို့ ဝန်မလေးသူလေးကတော့ ဖြူဖြူထွေးပါ။ ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တွေကို သူရထားတဲ့ ကြော်ငြာတွေမှာ ထည့်သုံးပေးပြီး တစ်ဖက်တစ်လမ်းက ကူညီနေသလို ကြော်ငြာရိုက်ကူးပြီးချိန်မှာလည်း ဂါဝရတရားရှေ့ထားပြီး ကန်တော့လေ့ရှိသူပါ။

မွန်မြတ်တဲ့စိတ်ထားလေးနဲ့ ဖြူဖြူထွေးကတော့ မနေ့ကတော့ ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ကို နိုင်သလောက် လှူဒါန်းပေးဖြစ်ခဲ့တဲ့ သူ့ရဲ့အလှူလေးကို ရေးသားမျှဝေခဲ့ပါတယ်။ ” ရိုက်ကူးရေးကပြန်ရောက်ရောက်ချင်း….. လေးလေးကအိမ်ထဲထိဝင်လာတယ်…. လေးလေး ဘာများပြောစရာရှိလို့လဲဆိုတော့? ကဒ်လေးပြပြီးအခက်အခဲ ဖြစ်နေကြောင်းပြောတယ်….. ဖြူဖြူလည်း တတ်နိုင်သလောက် ကန်တော့ခဲ့ပါတယ်” ဆိုပြီး သူ့ရဲ့အလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ…

ဖြူဖြူထွေးကတော့ တကယ်ခက်ခဲနေသူတိုင်းကို မညာဘဲနဲ့ ဖြစ်နေတဲ့အခြေအနေကို အမှန်အတိုင်းပြောရင် ကူညီဖို့ အသင့်ပါပဲလို့ အင်တာဗျူးတွေမှာ ဖြေကြားလေ့ရှိသူပါ။ မနေ့ကတော့ ရှူတင်ကပြန်ရောက်ရောက်ချင်း ယုံယုံကြည်ကြည်နဲ့ အကူအညီလာတောင်းခဲ့တဲ့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ကို သူတတ်နိုင်သလောက်ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့အလှူလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Phyu Phyu Htwe
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x