ဘဝမှာ တစ်ခါမှ မရိုက်နိုင်ဘူးထင်ခဲ့တဲ့ ဗွီဒီယိုလေး ရိုက်နိုင်ခဲ့ပြီဆိုတဲ့ ညီထွဋ်ခေါင်

Posted on

ကြွက်သားအဖုအထစ်တွေနဲ့ တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို မလိုချင်တဲ့ယောကျာ်းလေးရှိမယ်မထင်ပါဘူးနော်။ ဒါပေမယ့် ဒီလိုတွေဖြစ်လာဖို့ဆိုတာ စိတ်ကူးကြည့်ရုံနဲ့တောင် ခက်ခဲတာမို့ မလုပ်ဖြစ်တော့တဲ့သူတွေရှိသလို စကြိုးစားကြည့်ပြီးမှ လက်လျှော့လိုက်တဲ့သူတွေလည်း မနည်းမနောပါပဲ။ ပရိသတ်ရဲ့အချစ်တော်မင်းသားချောညီထွဋ်ခေါင်ကတော့ (၆)လအတွင်း ခန္ဓာကိုယ်တည်ဆောက်ပုံပြောင်းလဲနိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ကြွက်သားတွေကို အသားပေးဖော်ပြထားတဲ့ workout Video လေးကို ရိုက်ကူးကာ သူ့ရင်ထဲကစကားတချို့ကို မျှဝေခဲ့ပါတယ်။

” ကျွန်တော့ဘဝမှာ ကိုယ့်ရဲ့Body ကိုTransform ဖြစ်လာလိမ့်မယ်လို့ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သလို စိတ်ကူးယဉ်မိရင်တောင် “မဖြစ်နိုင်ပါဘူးကွာ”ဆိုပြီး သိစိတ်က အမြဲတမ်း လက်လျော့မိနေတော့.. Workout motivation video ရိုက်ဖို့ဆိုတာ အိပ်မက်တောင် မက်ခွင့်ရဖို့ ဝေးလို့ပေါ့~~ ဒါပေမယ့် ကျွန်တော့်ရဲ့ စွဲလန်းမှု ကျွန်တော့်ရဲ့ ဆာလောင်မှုတွေဟာ မသိစိတ်ရဲ့ အတွေးတွေထဲမှာ ကြီးစိုးနေခဲ့တာ့ အိပ်မက် တွေထဲ မမက်ခဲ့ဖူးတဲ့ Workout motivation ကို ရိုက်ဖို့အထိ ဖြစ်လာခဲ့တယ် ~~ အခုလို ကျွန်တော့်စွဲလန်းမှုတွေအကောင်အထည်ဖော်နိုင်ဖို့အတွက် (၆ )လ လောက် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်” ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့ Workout Video လေးကို မျှဝေခဲ့ပါတယ်။

မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး… မဖြစ်သေးတာပဲ ရှိကြောင်း လက်တွေ့ပြသလိုက်တဲ့ ညီထွဋ်ခေါင်ရဲ့ ဗွီဒီယိုလေးကတော့ ကြည့်ရှုတဲ့ပရိသတ်ကြီးကိုပါ စိတ်အားတက်စေမှာအမှန်ပါ။ ညီထွဋ်ခေါင်ကိုယ်တိုင်လည်း သူမဖြစ်နိုင်ဘူးထင်ထားတဲ့အရာတွေကို (၆)လတိတိ အချိန်ပေးပြီး စိတ်ကူးတွေ လက်တွေ့ဖြစ်လာအောင် ကြိုးစားတည်ဆောက်ခဲ့တာမို့ အားကျအတုယူစရာပါပဲ ပရိသတ်ကြီးရေ..

Source – Nyi Htut Khaung
Rainbow- Cele Gabar