ဖြူဖြူထွေးကို ဖေ့ဘွတ်ခ်မှာ see first လုပ်ထားတယ်ဆိုတဲ့ သီဟအောင်

Posted on

တက်သစ်စမင်းသားချောလေးတွေထဲမှာအနုပညာမျိုးဆက်တစ်ယောက်ဖြစ်တဲ့ သီဟအောင်ကလည်း မဒီလေးတွေရဲ့အားပေးဝန်းရံမှုကိုရရှိထားသူတစ်ယောက်ပါ။ သီဟအောင်ကတော့ အခုဆိုရင် Photoshoot တွေ ကြော်ငြာ်တွေ Music Video တွေ ဆက်တိုက်ရိုက်ကူးနေရတာပါ။


မကြာသေးခင်ကတော့ သီဟအောင်တစ်ယောက် ဖြူဖြူထွေးနဲ့အတူရိုက်ကူးရေးပြုလုပ်ခဲ့ပါတယ်။ သွက်လက်ပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင် ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ကြော်ငြာတွေကို ရိုက်ကူးနေတာဖြစ်ပြီး အတော်လေးကိုအောင်မြင်နေတာပါ။ သီဟအောင်နဲ့ဖြူဖြူထွေးတိုနှစ်ယောက်ကတော့ အခုမှပထမဆုံးအနုပညာအလုပ်အတူတူလုပ်ဖူးတာဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးလုပ်ခဲ့ကြတယ်လို့ဆိုပါတယ်။


မီဒီယာတွေနဲ့အင်တာဗျူးရာမှာတော့ သီဟအောင်က ဖြူဖြူထွေးရဲ့သတင်းတွေအမြဲလိုလိုကြည့်ဖြစ်တာဖြစ်ပြီး ဖြူဖြူထွေးရဲ့ဖေ့ဘွတ်ခ်အကောင့်ကို see first လုပ်ထားတယ် ဆိုတဲ့အကြောင်းနဲ့ ဖြူဖြူထွေးကသူ့ရဲ့ Idol တစ်ယောက်လို့လည်း ဆိုပါတယ်။ လူတော်တော်များများကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနုပညာရှင်၊သတင်းပေချ့်တွေစသဖြင့်ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို အရင်ဆုံးမြင်ရအောင်လို့ see first လုပ်ထားလေ့ရှိတာပါ။ သီဟအောင်ကတော့ ဖ့ဘွတ်ခ်အကောင့်ကို see first လုပ်ထားတယ် လို့ဆိုတာကြောင့် ဖြူဖြူထွေးကတော့ ပီတိဖြစ်တယ်လို့ဆိုပါတယ်။

Source : Exclusive on CeleGabar