မင်းသမီးတစ်လက်ဖြစ်လာပေမဲ့ Beauty Blogger တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားနေတဲ့ နေခြည်ဦး

Posted on

နေခြည်ဦးကိုတော့ Beauty Blogger အနေနဲ့ပရိသတ်တွေစသိရာကအခုဆိုရင် မင်းသမီးတစ်လက်အနေနဲ့လည်း အနုပညာအလုပ်တွေလုပ်နေတာကို တွေ့ရတာပါ။ ခြည်ခြည်ကတော့အမှတ်တံဆိပ်တော်တော်များများနဲ့လက်တွဲပြီးတော့ အလုပ်တွေလုပ်ကိုင်နေသလို အနုပညာအလုပ်တွေ Beauty Blogger တစ်ယောက်အနေနဲ့လည်း မိန်းကလေးတွေကို အလှအပနဲ့ပတ်သက်ပြီး မျှဝေပေးတာတွေကိုမလစ်ဟင်းရအောင်လုပ်ဆောင်နေတာပါ။


ဒီနေမှာတော့ ခြည်ခြည်တစ်ယောက် gym ပြန်ဆော့နေတာဖြစ်ပြီး အမှန်တကယ်သုံးတဲ့ အလှကုန်ပစ္စည်းတွေကို ပရိသတ်တွေကို မျှဝေလာခဲ့ပါတယ်။ ဒါ့အပြင်သူ့ရဲ့ခံယူချက်ဖြစ်တဲ့ နေခြည့်ခံယူချက်က ကိုယ်ကိုယ်တိုင်မသုံးဘဲ နေခြည် review လဲမရေးဘူး ကြော်ငြာလဲမရိုက်ဘူး။ ကိုယ့် reviews လေးတွေကြောင့် chillies တွေလိုက်ဝယ်ရင်း အဆင်ပြေတယ်ဆိုတာဘဲ ဖြစ်စေချင်တယ်။” ဆိုပြီးတော့ ရေးသားထားပါတယ်။ မင်းသမီးတစ်လက်အဖြစ်အနုပညာအလုပ်တွေအပြင် Beauty Blogger အနေနဲ့လည်း မလစ်ဟင်းအောင် ကြိုးစားနေတဲ့ခြည်ခြည်က


“Beauty Blogger ကနေ လာတဲ့သူဖြစ်တဲ့အတွက် မင်းသမီးလုပ်လဲ နေခြည် ဒါလေးကို ဆက်လက်ထိန်းထားတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါပေမယ့် ရအောင်ထိန်းထားတယ်။ Because of my chillies” ဆိုပြီးတော့ ရေးသားထားတာပါ။
ခြည်ခြည်ကတော့ ပရိသတ်တွေကြောင့် အခုလိုအလုပ်တွေကို ကြိုးစားနေနိုင်တာလည်း ဖြစ်ပါတယ်။ မင်းသမီးတစ်လက်အဖြစ်နာမည်ကြီးလာပေမဲ့လည်း Beauty Blogger တစ်ယောက်အနေနဲ့ ဆက်လက်ထိန်းထားတဲ့ ခြည်ခြည်ကတော့ အမာခံပရိသတ်တွေကြောင့်ပါတဲ့နော်..
Source : NayChiOo