Beauty Blogger ဘဝကနေလာတဲ့သူမို့ မင်းသမီးဖြစ်လာလဲ အခက်ခဲတွေရှိတယ်ဆိုတဲ့ နေခြည်ဦး

Posted on

နေခြည်ဦးကတော့ ဆယ်ကျော်သက်မိန်းကလေးတွေ အရူးအမူးအားပေးနေကြတဲ့ နာမည်ကျော် ဗျူးတီဘလော့ဂါ တစ်ယောက်ပဲဖြစ်ပါတယ် ။ လက်ရှိတော့မှာ ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်ပြီး မင်းသမီးတစ်ယောက်အဖြစ်လည်းရပ်တည်နေပြီပဲဖြစ်ပါတယ် ။ ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရင်းနဲ့ ဗျူးတီးဘလော့ဂါဘဝကနေ အခုလိုအောင်မြင်ကျော်ကြားလာတဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာတယ် ဆိုလည်းမမှားပါဘူးနော်

ဒနေ့မှတော့ သူမသုံးနေကျ skin care လေးတွေနဲ့ပတ်သက်ပြီး နေခြည့်ခံယူချက်က ကိုယ်ကိုယ်တိုင်မသုံးဘဲ နေခြည် review လဲမရေးဘူး ကြော်ငြာလဲမရိုက်ဘူး။ ကိုယ့် reviews လေးတွေကြောင့် chillies တွေလိုက်ဝယ်ရင်း အဆင်ပြေတယ်ဆိုတာဘဲ ဖြစ်စေချင်တယ်လို့ သူမရဲ့ဖေ့ဘုတ်စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့ပါတယ် ။ Beauty Blogger ကနေ လာတဲ့သူဖြစ်တဲ့အတွက် မင်းသမီးလုပ်လဲ နေခြည် ဒီအကျင့်လေးကို ဆက်လက်ထိန်းထားတယ်လို့ ပရိသတ်တွေကိုဖွင့်ဟလာခဲ့တာဖြစ်ပါတယ် ။

သူမအတွက် အခက်အခဲတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီပုံစံလေးကိုတော့ ရအောင်ထိန်းထားတယ်ဆိုတာ သူမရဲ့ချီလီလေးတွေကြောင့်ပါလို့ လည်းရေးသားထားပါသေးတယ် ။ နေခြည်နဲ့ ချီလီလေးတွေကြားက သံယောဇဉ်ကတော့ တကယ်ကိုကြည်နူးစရာပါပဲ ပရိသတ်ကြီးရေ ..။

Source : Nay Chi Oo
Emily (Cele Gabar)