ကျူးကျော်တဲမှာနေတဲ့ မျက်မမြင်အဘိုးအိုအတွက် အိမ်ဆောက်ပေးဖို့ အလှူငွေ ထည့်ဝင်ကြဖို့အကူညီတောင်းလာတဲ့ ဝေဠုကျော် ဖောင်ဒေးရှင်း

Posted on

ပရိသတ်ကြီးရေ ပရဟိတ မင်းသားကြီးလို့တောင် တင်စားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ကတော့ ဝေဠုကျော် ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး လိုအပ်နေတဲ့ နေရာတွေမှာ လိုက်လံလှူဒါန်းပေးနေတဲ့ သူတစ်ယောက်ပါ ။ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ အကူညီကြောင့် ခက်ခဲနေတဲ့ဘဝတွေ အဆင်ပြေသွားခဲ့တာလည်း မနည်းပါဘူး ။ ဝေဠုကျော် ဖောင်ဒေးရှင်းက ဇွန်လ (၂၄) ရက်နေ့မှာ ကျူးတဲလေးတွေဆီ အလှူသွားလုပ်ရင်းမျက်စိကွယ်နေတဲ့ အဘိုးတစ်ယောက် ကို သတိထားမိခဲ့ကြပါတယ် ။

သဃ်န်းကျွန်းကျူးတဲမှာ နေထိုင်ကာ မျက်စိကွယ်ခဲ့တာ၂၅နှစ်ရှိခဲ့ ပြီဖြစ်ပြီး အရင်ကအိမ်ထောင်တွေ သားသမီးတွေရှိခဲ့ပေမယ့်အခုတော့ အဆက်အသွယ်မရှိ အထောက်အပံ့မရှိဘဲ ပတ်ဝန်းကျင် ထောက်ပံ့မှုနဲ့ပဲ တစ်ယောက်တည်းနေထိုင်နေရတာဖြစ်ပါတယ် ။ ကျူးတဲလေးတွေက ဆင်းရဲကြပေမယ့် စေတနာကတော့ကြီးကြပါတယ်။ အဘိုးရဲ့ အိမ်လေးကလဲ ရေမြောင်းပေါ်မှာ ဝါးနဲ့ ခွဆောက်ထားပြီး အမိုးတာပေါ်လင်က အတော်ဟောင်းနွမ်းနေပြီးအပေါက်တွေကအများကြီး အိမ်ကမြောင်းအထက် တော်တော်မြင့်တော့ ဖက်တွယ်တက်ရပါသေးတယ်။ မိုးသာရွာရင် အသက် (၇၂) နှစ် အဘိုးအိုတစ်ယောက်ထဲ ဘယ်လိုနေရှာမလဲဆိုတာကို စိုးရိမ်နေရပါတယ် ။

အခုတော့ တရားကိုလိုက်စားပြီး ယောဂီဝတ်နဲ့ အနားကဘုရားဆီကို တုတ်ကောက်နဲ့သွား တရားထိုင်နေသူ ဖြစ်ပေမယ့် အဘိုးရဲ့ လိုအပ်ချက်က အိမ်လေးပြင်ဆောက်ပေးရမှာဖြစ်လို့ မျက်စိကွယ်နေသူအတွက် မိုးလုံလေလုံလေးနေရရင် ပို အဆင်ပြေမှာဖြစ်ပါတယ် ။ ဒါ့ကြောင့် ဝေဠုကျော် ဖောင်ဒေးရှင်းကနေ အဘိုးအတွက် အိမ်ဆောက်ပေးဖို့ အလှူရှင်များက ၅၀၀၀/၁၀၀၀၀လှူဒါန်းကူညီပေးကြဖို့ အလှူခံပါရစေ ဆိုတဲ့စာသားလေးနဲ့အတူ အဘိုးအတွက် အိမ်ဆောက်ပေးဖို့အတွက် အလှူငွေထည့်ဝင်ကြဖို့ အကူညီတောင်းခံခဲ့တာပဲ ဖြစ်ပါတယ် ။ အဘိုးအတွက်လှူဒါန်းကုသိုလ်ယူချင်တယ်ဆိုရင် ဝေဠုကျော် ဖောင်ဒေးရှင်းကနေတဆင့် လှူဒါန်းကုသိုလ်ယူနိုင်တယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : Wai Lu Kyaw Foundation
Emily (Cele Gabar)