ခိုင်နှင်းဝေရဲ့သမီးအသစ်လေးအတွက် အလှူငွေသုံးသိန်းလှူဒါန်းပေးခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်

Posted on

ခိုင်နှင်းဝေရင်သွေးလေးများဂေဟာဖွင့်ကာ မိဘမဲ့ကလေးငယ်တွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေတဲ့ ခိုင်နှင်းဝေကတော့ မနေ့က သမီးလေးတစ်ယောက်ထပ်မံရရှိခဲ့ပါတယ်။ နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကြောင့် ကလေးငယ်(၃၄)ယောက် မှာပဲ ရပ်ထားပြီး ထပ်ပြီးလက်မခံဖို့ ဆုံးဖြတ်ထားတဲ့မေမေခိုင်နှင်းဝေကတော့ ကိုယ်တိုင်လာပေးတဲ့ မိခင်တစ်ယောက်ကြောင့် မလွှဲသာမရှောင်သာ သမီးလေးတစ်ယောက် ထပ်မံမွေးစားခဲ့ရတယ်လို့ ဆိုရမှာပါ။

ဒီနေ့မှာတော့ ဒီသမီးအသစ်လေးအတွက် နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ မိသားစုလေးက သုံးသိန်းလာရောက်လှူဒါန်းပေးခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ကတော့ ကိုယ်တိုင်လည်း ရင်သွေးလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်သလို ခိုင်နှင်းဝေဂေဟာက ကလေးတွေအတွက်လည်း စာနာစိတ်နဲ့ မကြာခဏဆိုသလို လှူဒါန်းပေးလေ့ရှိသူတွေပါ ပရိသတ်ကြီးရေ…

စိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့အောင်သူတို့ဇနီးမောင်နှံရဲ့ အလှူလေးကိုတော့ ခိုင်နှင်းဝေက ” သမီးအသစ်ကလေး အတွက် သားသမီးချင်းကိုယ်ချင်းစာနာပြီး မိခင်စိတ်အပြည့်နဲ့ ကျွန်မ ပရဟိတမှာရော ကလေးတွေအတွက် အမြဲလှူပေးတဲ့အတွက် သာဓုခေါ်ပါတယ်” ဆိုပြီး အလှူလေးကို သာဓုခေါ်ဆိုကာ မျှဝေပေးခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။။


Source – Khine Hnin Wai
Rainbow- Cele Gabar