ဒိုင်လေးယောက်စလုံးကို Blind Audition ပြန်လုပ်ပေးလိုက်တဲ့ Pan ရဲ့ယှဉ်ပြိုင်မှု

Posted on

ပရိသတ်တွေအားလုံးမျှော်လင့်စောင့်စားနေတဲ့ The Voice Myanmar Season-3 ပြိုင်ပွဲကြီးကတော့ မနေ့ညက စပြီး MRTV-4 ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ပထမဆုံးရက်မှာတင် အမိုက်စားသီဆိုယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေကြောင့် အချိန်အကြာကြီးစောင့်နေခဲ့ရတဲ့ပရိသတ်တွေကို စိတ်ကျေနပ်မှုရရှိစေခဲ့မှာ အမှန်ပါ…

သူတို့တွေထဲကမှာ ရေပန်းအစားဆုံးပြိုင်ပွဲဝင်လို့ ဆိုရမယ့် Pan ကတော့ ပြိုင်ပွဲဝင်တွေဆိုလေ့ဆိုထ သိပ်မရှိတဲ့ Opera သီချင်းအမျိုးအစားကို အမိုက်စားသီဆိုဖျော်ဖြေခဲ့ပါတယ်။ အများနဲ့မတူတဲ့ သီချင်းကို ရွေးချယ်သီဆိုထားရုံမကဘဲ သူ့ရဲ့အသံအားကြောင့် လှည့်ကြည့်ခဲ့တဲ့ဒိုင်လေးယောက်စလုံးကိုပါ Surprise ဖြစ်သွားစေခဲ့တဲ့ Pan ပါ။ The Voice Myanmar ရဲ့ထူးခြားတဲ့အရာလေးဖြစ်တဲ့ Blind Audition ကို သူကပါတစ်ဖန် ဒိုင်တွေအတွက် လုပ်ခဲ့တာပါ ပရိသတ်ကြီးရေ..

ဒိုင်လေးယောက်စလုံးရဲ့ လှည့်ကြည့်ခြင်းရရှိခဲ့ရုံမက လှည့်ကြည့်လိုက်တဲ့ ဒိုင်တွေကို လူမမြင်စေဘဲ ပဝါစလေးနဲ့ကာထားတဲ့ Pan ရဲ့ဖျော်ဖြေမှုကတော့ ကြည်ရှုသူတိုင်းကိုပါ စိတ်ဝင်စားမှုမြင့်တက်စေခဲ့တာပါ။ အသံစထွက်လာကတည်းက ကြက်သီးတဖြန်းဖြန်းထရလောက်အောင် အမိုက်စားသီဆိုဖျော်ဖြေခဲ့တဲ့ Pan ရဲ့ယှဉ်ပြိုင်မှုကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – The Voice Myanmar
Rainbow- Cele Gabar