စစ်တွေမြို့အတွက် အရေးတကြီးလိုအပ်နေတဲ့ ပိုးသတ်ဆေးဖြန်းစက်တစ်လုံးလှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

Posted on

တစ်ကမ္ဘာလုံး စီးပွားရေးကျပ်တည်းနေတဲ့ အခုလိုကာလကြီးမှာ ရှိတဲ့သူတွေက မရှိတဲ့သူတွေကို ပြန်လည်ထောက်ပံ့ကူညီရင်း ဒီကာလဆိုးကြီးကို ဖြတ်သန်းနေကြတာကတော့ တကယ်ကို ကောင်းမွန်တဲ့အရာလေးပါပဲနော်။ ကိုဗစ်ကာလကို အလှူတွေဆက်တိုက်လုပ်ရင်းဖြတ်သန်းနေသူ ရုပ်ရှင်သရုပ်ဆောင်ခန့်စည်သူကတော့ ဒီတစ်ခေါက်မှာလည်း ကာလဒါနအလှူလေးတစ်ခုလုပ်ခဲ့ပါတယ်။

တစ်ပတ်အတွင်း ရောဂါပိုးတွေ့ရှိမှုများပြားလာတဲ့ ရခိုင်ပြည်နယ်အတွက် လူအား၊ငွေအား ထောက်ပံ့ကူညီမှုတွေများစွာလိုအပ်လျက်ရှိပြီး ရောဂါပိုးကူးစက်ပျံံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခန့်စည်သူကတော့ ရခိုင်တိုင်းရင်းသားလူမှုကယ်ဆယ်ရေးအဖွဲ့ကနေတဆင့် ပိုးသတ်ဆေးဖြန်းစက်တစ်လုံး တန်ဖိုးငွေ သုံးသိန်းငါးသောင်းကျပ်တိတိကို လှူဒါန်းပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။.

ကိုဗစ်ကာလစတင်ကတည်းက ခက်ခဲနေတဲ့အိမ်ထောင်စုတွေ၊ မပြေလည်တဲ့ ဘဝသမားတွေကို ဆက်တိုက်ကူညီခဲ့သလို ဒီတစ်ခေါက်မှာလည်း အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွက် အကျိုးများတဲ့အလှူလေးတစ်ခုကို ပြုလုပ်ပေးခဲ့တာပါ။ တကယ်လိုအပ်နေတဲ့နေရာကို ရွေးချယ်လှူဒါန်းပေးတတ်တဲ့ ကိုခန့်ရဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။

Source – Kyaw Soe Win
Rainbow- Cele Gabar