အင်္ဂလိပ်စာဆရာဟောင်းအဘဦးတင်ဦးကို သွားရောက်လှူဒါန်းပေးရင်း အင်္ဂလိပ်စာသင်ကြဖို့ တိုက်တွန်းလိုက်တဲ့ နေဒွေး

Posted on

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်နေဒွေးကတော့ မကြာခဏဆိုသလို အလှူအတန်းပြုလုပ်လေ့ရှိသူဖြစ်သလို မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါစတင်ကတည်းက အလှူတွေကို ပိုပြီးခပ်စိတ်စိတ် ပြုလုပ်လာသူပါ။ ကြုံရင်ကြုံသလို လှူဒါန်းနေသူဖြစ်ပြီး အမာခံပရိသတ်တွေနဲ့အတူတူလည်း တစ်လတစ်ခါ ဘိုးဘွားတွေကို လှူဒါန်းနိုင်ဖို့ စီစဉ်ထားသူပါ။

မကြာသေးခင်ကမှ သန်လျင်သဘာဝဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းပေးခဲ့ပြီး သူ့ရဲ့နောက်အလှူအဖြစ် လတ်တလောလူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ အင်္ဂလိပ်စာဆရာဟောင်း ဦးတင်ဦးထံကို နောက်လ(၁၈) ရက်နေ့မှာ လှူဒါန်းပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် Cele Gabar အင်တာဗျူးမှာ ဖြေဆိုနေတဲ့ အဘရဲ့ပုံလေးကို ကြည့်ပြီး ချက်ချင်းလှူချင်စိတ်ပေါ်လာလို့ ဒီနေ့မှာ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..

အဘအတွက် သူ့ရဲ့ဆန်ဆိုင်က ဆန်တစ်အိတ်၊ဆီတစ်ဗူးအပြင် အဘဆီမှာ အင်္ဂလိပ်စာသင်ကြားဖို့ ရည်ရွယ်ပြီး သင်တန်းကြေးအနေနဲ့ တစ်သိန်းကို ကန်တော့ခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်ကြီးကိုလည်း Viber ကနေ သင်ကြားပေးနေတဲ့ အဘရဲ့ အင်္ဂလိပ်စာသင်တန်းလေးကို တက်ပြီး အဘရဲ့စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ကူညီပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ သဒ္ဓါစိတ်ပေါက်လာတာနဲ့ ချက်ချင်းအကောင်အထည်ဖော် သွားရောက်လှူဒါန်းပေးဖြစ်ခဲ့တဲ့ နေဒွေးရဲ့အလှူဗွီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source – Nay Dway
Rainbow- Cele Gabar