Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်နေတဲ့ အင်္ဂလိပ်စာဆရာ အဘ ဦးတင်ဦးအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့နေဒွေး

မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ လူသိများသွားခဲ့တဲ့ အင်္ဂလိပ်စာ ဆရာ အဘဦးတင်ဦးအကြောင်း ပရိသတ်တွေလည်း သိပြီးဖြစ်မှာပါနော် ။ Covid-19 ကြောင့် စာသင်ဝိုင်းတွေပျက်ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့ အသက်(၇၀) ကျော် အဘဦးတင်ဦးဟာ သူ့ရဲ့စားစရိတ်လေးအတွက် အလှူခံနေရတဲ့အကြောင်းကို သိရှိပြီး လှူဒါန်းသူတွေ အများအပြားပေါ်ပေါက်လာခဲ့ပါတယ် ။

နေစရာအိမ်ကျဉ်းကျဉ်းလေးမှာ တစ်ဝမ်းတစ်ခါးအတွက် စာသင်နေရင်းကနေ Covid-19 ကြောင့် စာသင်ဝိုင်းတွေပျက်ပြီး အခက်ခဲဖြစ်နေရှာတဲ့ အဘဦးတင်ဦးက သူရရှိတဲ့ အလှူငွေလေးတွေနဲ့ စားသောက်နေထိုင်ရကြောင်းကို Cele Gabar အင်တာဗျူးမှာ ဖြေဆိုခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင်နေဒွေးက ဒီအင်တာဗျူးလေးကြောင့် အဘ ရဲ့အိမ်ထိ သွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။ ဆီတွေ ဆန်တွေအပြင် စင်္ကာပူက နေဒွေးရဲ့ ပရိသတ်ကပါ အဘအတွက် အလှူငွေ ထည့်ဝင်လှူဒါန်းခဲ့ပြီး နေဒွေး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။

ကိုယ်တိုင်လည်း အဘဆီမှာ အင်္ဂလိပ်စာလေ့လာရင်း မသိတာလေးတွေ မေးမြန်းဖို့ လတိုင်း သွားရောက်မှာဖြစ်တယ်လို့လည်း နေဒွေးက ပရိသတ်တွေကိုအသိပေးခဲ့ပါတယ် ။ နေဒွေးက အဘဆီသွားရောက်လှူဒါန်းခဲ့တဲ့ ဗီဒီယိုအစဆုံးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးခဲ့တာဖြစ်ပြီး ပရိသတ်ကြီးလည်း နေဒွေးရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Nay Dway
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x