အရည်အချင်းရှိပါလျက်နဲ့ နှိမ့်ချထားတာ သူများစော်ကားပြီးချိုးနှိမ်ဖို့အတွက်မဟုတ်ဘူးဆိုတဲ့ မေမီကိုကို

Posted on

ပရိသတ်ကြီးရေ MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ သရုပ်ဆောင်အလုပ်အပြင် အနုပညာလှုပ်ရှားမှု ခြေလှမ်းအသစ်အနေနဲ့ မကြာသေးမီက စာအုပ်လေးတစ်အုပ်ရေးသားထုတ်ဝေခဲ့တာကိုတော့ ပရိသတ်တွေအားလုံးသိပြီဖြစ်မှာပါနော် ။ ဇာတ်လမ်းတွဲပေါင်းများစွာမှာပါဝင်ခဲ့ပြီး ကာရိုက်တာပေါင်းစုံကို ကျရာ ဇာတ်ရုပ်အတိုင်း ပီပြင်အောင် သရုပ်ဆောင်နိုင်သူဖြစ်လို့ ဗီလိန်ကာရိုက်တာကိုတောင် ပရိသတ်တွေအသည်းစွဲအားပေးခြင်းခံခဲ့ရတဲ့ အနုပညာရှင်လို့တောင်ပြောလို့ရပါတယ် ။

မေမီကိုကိုကတော့ သူမရဲ့ဝါသနာအတိုင်း စာတိုပေစ လေးတွေ ရေးသားတတ်သလို သူမရဲ့ ကိုယ်ပိုင်စာသားလေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးတတ်ပါသေးတယ် ။ လတ်တလောမှာတော့ အရည်အချင်းရှိပါလျက်နဲ့ကိုယ့်ကိုယ်ကိုယ် အမြဲနိမ့်ချထားတယ်ဆိုတာ ကိုယ့်စိတ်ကို ကိုယ် အပိုးကျိုးအောင်လို့ …သူများစော်ကားပြီးနိမ်ချိုးဖို့အတွက်မဟုတ်ဘူး…. ဆိုတဲ့စာသားလေးကို သူမရဲ့ဖေ့ဘုတ်စ် စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။

သူမရဲ့ ပရိသတ်တွေကတော့ ဒီလိုစိတ်ဓာတ်လေးတွေကြောင့် ပိုချစ်နေရတာဆိုတဲ့ မှတ်ချက်လေးတွေပေးထားကြတာကိုလည်းတွေ့ရပါတယ် ။ စာရေးဆရာမ ပီပီ စာအရေးသားကောင်းတဲ့ မေမီကိုကို ကို သူမရဲ့ဖန်တွေက ဝန်းရံအားပေးနေကြသလို သူမရဲ့အရေးသားလေးတွေကို အရမ်းကိုသဘောကျနေကြတာပါ ပရိသတ်ကြီးရေ ..။

Source : May Mi Ko Ko
Emily (Cele Gabar)