အရင်ရိုက်ခဲ့တဲ့ ကားတွေနဲ့ မတူညီတဲ့ လရဲ့အောက်ဘက် မိုင်အဝေး အကြောင်းကို ပြောပြလာတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး

Posted on

လူငယ်ဒါရိုက်တာ တစ်ယောက်ဖြစ်ပြီး ည ၊ သူစိမ်းအိမ် အစရှိတဲ့ ရုံတင်ကားကြီးတွေနဲ့ အောင်မြင်ခဲ့တဲ့ ထူးပိုင်ဇော်ဦးကတော့ လူငယ်မျက်နှာသစ် သရုပ်ဆောင်တွေကို မြေတောင်မြှောက်ပေးလေ့ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး မကြာမီမှာ သူရိုက်ကူး ပုံဖော်ခဲ့တဲ့ လရဲ့အောက်ဘက် မိုင်အဝေး ရုပ်ရှင်ကားကြီးကို ပြသခွင့်ရတော့မှာဖြစ်ပါတယ် ။ ည ရော သူစိမ်းအိမ် ရော နဲ့ မတူတဲ့ အချက်က လရဲ့အောက်ဘက် မိုင်အဝေးမှာ miles away under the moon ဟာ ဆရာမ ဂျူး ရဲ့ ဝတ္ထုဖြစ်ပြီး ‌စာအုပ်ဖတ်ပြီးတဲ့ သူတိုင်းက ဇာတ်လမ်းကို သိနှင့်ထားပြီးဖြစ်နေတယ်။

အဲဒီတော့ အားလုံးသိနေပြီးတဲ့ ဇာတ်လမ်းကို ဒါရိုက်တာထူးပိုင်ဇော်ဦးက ဘယ်လို တင်ပြပုံနဲ့ ရိုက်ကူးထားပြီး သရုပ်ဆောင်တွေက ဇာတ်ကောင်တွေကို ဘယ်လို ကိုယ်စားပြုနိုင်မလဲ ဆိုတာကို အားလုံး စိတ်ဝင်စားနေကြမယ်ထင်ပါတယ်။ ဒါရိုက်တာ ထူးပိုင်ဇော်ဦး အတွက်ကလဲ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ကို ပထမဆုံးရိုက်ရတာဖြစ်သလို ၊ အရှေ့က စိတ်လှုပ်ရှားစရာ၊ ကြောက်လန့်စရာဇာတ်ကားတွေ နဲ့ မတူဘဲ ရင်ကိုထိထိခတ်ခတ် ဖြစ်စေတဲ့ မိသားစု ဇာတ်အိမ် ကို ဖန်တီးရတာဆိုတော့ စိန်ခေါ်မှုပြင်းထန်ပါတယ်။ သူ ကိုယ်တိုင်က စာပေကိုချစ်တဲ့ စာဖတ်ပရိသတ်၊ ဆရာမဂျူး ရဲ့ ပရိသတ်ဆိုတော့ စာအုပ်က ပေးတဲ့ ရသ နဲ့ ခံစားမှု ကိုလဲ မပျောက်စေချင်တဲ့အပြင် ကိုယ်တိုင်က ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးထားတာဆိုတော့ ကျွန်တော့်ဘက် က ဖန်တီးဖော်ပြနိုင်မယ့် အနုပညာရသ နဲ့ ခံစားမှု လဲ ပါချင်တယ်လို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။

ရုပ်ရှင် ပရိသတ် နဲ့ စာအုပ် ပရိသတ် နှစ်ခုလုံး ‌က ဒီဇာတ်လမ်းနဲ့ အတူ သူ ဖန်တီးပုံဖော်ထားတဲ့ ခံစားမှုရသ တစ်ခု ကို ရနိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပရိသတ်တွေကို ဖွင့်ဟခဲ့ပြီး လရဲ့အောက်ဘက် မိုင်အဝေးမှာ ဟာ ကျွန်တော့်ရဲ့ ဦးနှောက် နဲ့ရော ၊ နှလုံးသား နဲ့ရော ပူးပေါင်းထားတဲ့ ခံစားချက်ပါ ခံစားချက်ချင်း နီးကပ် ထိခတ် ချင်ပါတယ် လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

Source : Htoo paing Zaw Oo
Emily (Cele Gabar)