ရဲရင့်အောင်အတွက် Birthday Surprise အနေနဲ့ သူ့သီချင်း (၁၀)ပုဒ်ကိုကိုယ်တိုင် သီဆိုပြခဲ့တဲ့ အေငြိမ်းဖြူ

Posted on

သရုပ်ဆောင်ပိုင်းမှာရော အကပိုင်းမှာပါ ထူးချွန်သူလေးတစ်ဦးဖြစ်တဲ့ အေငြိမ်းဖြူကတော့ အဆိုတော် ရဲရင့်အောင်ရဲ့ချစ်သူ ကောင်မလေးဖြစ်တယ်ဆိုတာ ပရိသတ်တွေအားလုံး သိပြီးဖြစ်မှာပါနော် ..။ သြဂုတ်လ (၁၈) ရက်နေ့ကတော့ ရဲရင့်အောင် ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အေငြိမ်းဖြူက မွေးနေ့လက်ဆောင်အဖြစ် ထူးထူးခြားခြားလေးတစ်ခုကို ဖန်တီးပေးခဲ့ပါတယ် ။


ရဲရင့်အောင်အတွက် မွေးနေ့လက်ဆောင်အဖြစ် သူ့ရဲ့သီချင်းတွေက (၁၀) ပုဒ်ကို mashup cover လေးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ် ။ ” A သည်လုံးဝလုံးဝသီချင်းမဆိုတတ်ပါဘူး… A ဘဝမှာအကြောက်ရဆုံးအားနည်းချက်က A အသံနဲ့ပက်သက်ပြီး ဘယ်တော့မှလုံးဝယုံကြည်မူမရှိတဲ့လူပါ.. A အတွက်မလွယ်ကူတဲ့အရာလေးကို သူ့ကိုပျော်စေချင်တဲ့စိတ်လေးတစ်ခုနဲ့ A ခက်ခက်ခဲခဲကြိုးစားခဲ့တာပါ… ” ဆိုတဲ့စာသားလေးနဲ့အတူ ခက်ခက်ခဲခဲ နဲ့မွေးနေ့လက်ဆောင်လေး ဖန်တီးပေးခဲ့ကြောင်း ကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။

သူမရဲ့ အသံကတော့ဆိုးနေပေမယ့် ဒီ Video ထဲမှာ သူမရဲ့ ချစ်ခြင်းမေတ္တာတရားတွေတော့ အပြည့်အဝမြင်ရမှာဖြစ်ပြီး အေ အတွက်တော့လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့ သူ့အတွက်မွေးနေ့လက်ဆောင်လေးပါ. လို့လည်းထပ်ဆင့်ရေးသားထားပါသေးတယ် ။ ရဲရင့်အောင် တစ်ယောက်တော့ အေ့ရဲ့ မွေးနေ့လက်ဆောင်လေးကြောင့် အရမ်းကိုပျော်ရွှင်နေပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

https://www.facebook.com/princess.ydn.1/posts/3801619156533050

Source : A Nyein Phyu
Emily (Cele Gabar)