ဆိုက်ကားဆရာ(၅၀၀) ကိုလှူဖို့အတွက် ဦးဧရာနဲ့ ဦးကျော်ထူးတို့ရောင်းနေတာလေးတွေ အားပေးခဲ့တဲ့ ယုန်လေး

ယုန်လေးကတော့ မကြာခင်မှာ ကျရောက်တော့မယ့် သူ့ရဲ့မွေးနေ့အကြိုအလှူလေးအနေနဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆိုက်ကားဆရာတွေအတွက် အဓိကလှူဒါန်းပေးသွားဖို့ စီစဉ်ထားပါတယ်။ ဒီအလှူလေးကိုတော့ သူတစ်ယောက်တည်းအားနဲ့ မနိုင်တာကြောင့် ပရိသတ်တွေကိုလည်း ဝိုင်းဝန်းကူညီပေးကြဖို့တိုက်တွန်းထားပြီး လတ်တလောမှာတော့ အယောက်(၅၀၀) စာလှူဒါန်းနိုင်ပြီလို့ သိရပါတယ်။

သူ့ရဲ့အလှူအတွက် ကိုဗစ်ကာလကို ဈေးရောင်းရင်း ဖြတ်သန်းနေရတဲ့ ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ ဦးဧရာနဲ့ ဦးကျော်ထူးတို့ကိုလည်း ကူညီတဲ့အနေနဲ့ သူတို့ရောင်းချနေတာလေးတွေ သွားအားပေးခဲ့ပါတယ်။ ဦးဧရာဆီက ဆိုက်ကားဆရာ(၅၀၀)အတွက် တစ်ယောက်ကို သုံးစောင်နှုန်း ထီလက်မှတ် အစောင်ရေ(၁၅၀၀) အားပေးခဲ့ပြီး ဦးကျော်ထူးဆီက ဆန်(၃) ပြည်အိတ် အိတ်(၅၀၀) အားပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…

ဒါ့အပြင် ဆိုက်ကားသမားတွေအတွက် ရည်ရွယ်ပြီးထိုးထားတဲ့ ထီလေးတွေ ပေါက်အောင် ဗုဒ္ဓဟူးနေ့မှာ ညောင်ဆယ်ပင်အဓိဌာန်ဝင်သွားမယ့်အကြောင်း သူရည်ရွယ်ထားတာလေးတွကို မျှဝေခဲ့ပါတယ်။ အလှူရှင်တွေထပ်တိုးရင်တော့ ဆိုက်ကားဆရာအရေအတွက် ထပ်တိုးသွားမှာမို့ ယုန်လေးရဲ့အလှူလေးကို ဝိုင်းဝန်းကူညီပေးလိုက်ကြပါဦးနော်။


Source – Yone Lay
Rainbow- Cele Gabar

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x