ဖေ့ဘွတ်ခ်မှာ အားပေးဝန်းရံသူပရိသတ်(၂)သန်းပြည့်သွားတဲ့အတွက် ကျေးဇူးတုံ့ပြန်လာတဲ့ နီနီခင်ဇော်

Posted on

နီနီခင်ဇော်ကတော့ အမြဲတက်ကြွပြီး အားအင်အပြည့်နဲ့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေသူတစ်ယောက်ပါ။သံစဉ်များနဲ့ကမ္ဘာပြိုင်ပွဲကနေပြီးတော့ ပေါ်ထွက်လာတဲ့ ဂီတလောကရဲ့ငွေကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ အခုဆိုရင်ဒိတ်ဒိတ်ကြဲအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပြီဖြစ်တဲ့ နီနီကတော့ အားပေးဝန်းရံသူတွေများခဲ့ပါပြီ။


နီနီခင်ဇော်ကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်ပေချ့်မှာ Follower (၂)သန်းပြည့်ခဲ့တာကြောင့် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အစီအစဉ်တစ်ခုကို ပရိသတ်ကိုချပြခဲ့တာပါ။ အဲ့ဒီအကြောင်းကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”၂၉ နှစ်ပြည့်မွေးနေ့ အမှတ်တရနဲ့ Page 2M follower ပြည့်အအမှတ်တရအနေနဲ့ Super Red Cosmetics အခု ၂၉၀ကို Live Chat လုပ်ပြီး မဲဖောက်ပေးသွားပါမယ်။ မွေးနေ့က ၃၁ ရက်နေ့ဆိုပေမယ့် Sunday Night Live လုပ်ပါမယ် ၃၀ ရက်နေ့ ည ၇ နာရီ Live လုပ်ပါမယ် အားလုံးJoin ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ အပြင်သွားရင် Mask တပ်ပါ။ အတတ်နိုင်ဆုံးအိမ်မှာနေပါ။ လက်ခဏခဏဆေးပါ။ ဂရုစိုက်ပါနော်” ဆိုပြီးတော့ရေးသားထားတာပါ။


နီနီကတော့ ဂီတလောကမှာအောင်မြင်နေသလို Super Red Cosmetics လုပ်ငန်းကိုလည်း တည်ထောင်ထားသူတစ်ယောက်ပါ။ နီနီကတော့ ပရိသတ်တွေကို မမေ့ထားဘဲ အခုလိုမျိုးကျေးဇူးတုံ့ပြန်တတ်တာကလည်း ချစ်စရာကောင်းပါတယ်။ နီနီ့ရဲ့ပရိသတ်တွေရှိလားနော်..
Source : NiNiKhinZaw