ပရိသတ်တွေအကြိုက်တွေ့စေမယ့် စိုးသူနဲ့ စန္ဒီမြင့်လွင်တို့ရဲ့ သီချင်းအသစ်လေး

Posted on

အနုပညာအလုပ်ကိုယ်စီနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ စိုးညီအမတွေကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။ သူတို့ညီအမတွေကိုတော့ အမြဲတမ်းလည်း တတွဲတွဲတွေ့မြင်ရသလို သူတို့တွေ အတူစုပေါင်းပြီးတော့လည်း မင်းသမီး ပိုးထည်တိုက်ကို ဖွင့်လှစ်ထားပါသေးတယ်။

ဒီနေ့မှာတော့ အနုပညာအလုပ်တွေအတူတွဲလုပ်တာမြင်ချင်တဲ့ ပရိသတ်ကြီးအတွက် စန္ဒီမြင့်လွင်နဲ့ ဒါဒါတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ထားပြီး စိုးသူနဲ့ ဒီးဒီးတို့ သီဆိုထားတဲ့ စုံတွဲသီချင်းလေးကို ချပြခဲ့ပါတယ်။ သီချင်းအသစ်တွေ သိပ်မထွက်ဖြစ်တော့တဲ့ စိုးသူအတွက် ဒီသီချင်းလေးကတော့ သူ့ရဲ့ပရိသတ်တွေကို ကျေနပ်အားရစေမှာဖြစ်သလို သီချင်းဗွီဒီယိုလေးကိုလည်း ထူးထူးခြားခြားလေးဖြစ်အောင် သူတို့အတွဲလေးတွေကိုယ်စီနဲ့ မြင်နေကျမဟုတ်တဲ့ပုံစံလေးတွေနဲ့ ချစ်စဖွယ်ပုံစံသရုပ်ဆောင်ထားပါတယ်။

ဒီသီချင်းဗွီဒီယိုလေးကိုတော့ ဒါရိုက်တာပွင့်သိင်္ဂီဇော်က ရိုက်ကူးပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့သီချင်းလေးနဲ့ လိုက်ဖက်ညီစွာသရုပ်ဆောင်ထားတဲ့ စိုးသူနဲ့ ဒါဒါတို့စုံတွဲ၊ ဒီးဒီးတို့စုံတွဲလေး နှစ်တွဲရဲ့ သရုပ်ဆောင်ချက်တွေကတော့ ကြည့်နေတဲ့ပရိသတ်ကြီးကိုပါ ချစ်ခြင်းမေတ္တာဆိုတာကို ခံစားမိစေမှာပါ။ ဓာတ်ပုံလေးတွေထွက်လာကတည်းက ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီသီချင်းကိုတော့ ဒီနေ့မှာမျှဝေပေးလိုက်ပြီမို့ ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Source – Sandi Myint Lwin
Rainbow- Cele Gabar