အချစ်ဆိုတာ ကဗျာလေးတစ်ပုဒ်ပဲ ဆိုတာကို သက်သေပြလိုက်တဲ့ စန္ဒီမြင့်လွင်ရဲ့ သီချင်းအသစ်

Posted on

အမိုက်စား ရပ်စာသားတွေ သီဆိုတတ်တဲ့ rapper မလေး စန္ဒီမြင့်လွင်ကတော့ သမီးလေးမွေးပြီးနောက်ပိုင်း အနုပညာခြေလှမ်းတွေ ကျဲနေခဲ့တာပါ ။ ဒီးဒီ လို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ စန္ဒီမြင့်လွင်ကတော့ ဂီတလောကမှာနှစ်အတော်ကြာရပ်တည်အောင်မြင်နေသူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာလည်းထူးချွန်သူတစ်ဦးပါ ။ အခုဆိုရင် သာယာပျော်ရွှင်ဖွယ်မိသားစုလေး တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်နေပြီဆိုလည်း မမှားပါဘူး နော် ။

သမီးလေးမွေးပြီးထဲက အနုပညာအလုပ်တွေ အလှမ်းဝေးနေတဲ့ စန္ဒီမြင့်လွင်တစ်ယောက် လတ်တလောမှာတော့ အချစ်ဆိုတာ တကယ်ချစ်နေတဲ့သူတွေ အတွက်ကတော့ အချိန်ကြာပါစေ ဘယ်တော့မှ ဟောင်းသွားမယ့် ရိုးသွားမယ့် အရာမဟုတ်ပါဘူး။ အကယ်၍ နှစ်ဦးသားဝေးနေခဲ့ကြရင်တောင်ချစ်ရတဲ့အချစ်တွေနဲ့ လွမ်းရတဲ့အလွမ်းတွေဟာ ကဗျာတစ်ပုဒ်အဖြစ်နဲ့ ရင်ဘတ်ထဲမှာ ဘယ်တော့မှ အဆုံးမရှိပဲ ထာဝရစီးဆင်းနေမှာပါ။ အဆုံးမရှိတဲ့ ချစ်ခြင်းများနဲ့သာ ချစ်နိုင်ကြပါစေ။ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့သီချင်းအသစ်လေးကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။

သီချင်းလေးရဲ့ နာမည်ကတော့ ဘယ်တော့မှ အဆုံးမရှိ လို့အမည်ရပြီး စန္ဒီမြင့်လွင်နဲ့အတူ စိုးသူက သီဆိုထားတာပဲဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနဲ့အတူ စိုးမြတ်နန္ဒာနဲ့ စိုးသူတို့က ပါဝင်သရုပ်ဆောင်ထားပြီး အချစ်ကို စိတ်ကူးယဉ်ဆန်ဆန်လေး ပုံဖော်ထားတဲ့ Music Video တစ်ပုဒ်အဖြစ်အသက်သွင်းထားတာပဲဖြစ်ပါတယ် ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း နားဆင်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါပြီနော် ။

Source : Sandy Myint Lwin
Emily (Cele gabar)