အသက်(၃၀) မှာ အမိုက်စားစော်ကြီးဖြစ်ရမယ်ဆိုတဲ့ နေခြည်ဦး

Posted on

အချိန်တိုအတွင်း ပရိသတ်အသိမှတ်ပြုအားပေးမှုရရှိလာသူ နေခြည်ဦးကတော့ မိဘထောက်ပံ့မှုအားကောင်းရုံမက ကိုယ်တိုင်လည်း အရည်အချင်းအပြည့်အဝရှိသူတစ်ယောက်ပါ။ အနုပညာရှင်တစ်ယောက်လုပ်ဖို့ ရွေးချယ်လိုက်ပြီးနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းမွန်ဆုံးတည်ဆောက်ဖို့ တစ်ရက်မှမနားဘဲ အချိန်ရှိသရွေ့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေသူဆိုရင်လည်း မမှားပါဘူး။

အနုပညာရှင်တစ်ယောက်မှာ ရှိသင့်တဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့အတွက် Gym ဆော့တာအပြင် မနက်တိုင်း လက်ဝှေ့ထိုးကျင့်ခြင်း ၊ ယောဂဆော့ခြင်းတို့ကို အချိန်တစ်ခုပေးပြီး သေချာလုပ်နေသူပါ။ ဒါပေမယ့် ဒီကြားထဲမှာ ယောဂဆော့ဖို့ တစ်လပျက်ခဲ့တဲ့ ချီချီကတော့ အလေ့အကျင့်ကောင်းတွေကို လုပ်နိုင်ပြီဆို မရပ်ကြဖို့ သူကိုယ်တိုင်ကြုံတွေ့နေရတဲ့ ဥပမာလေးနဲ့ ပြောပြခဲ့ပါတယ်။

” အလေ့အကျင့်ကောင်း တစ်ခုကို လုပ်နိုင်ပြီဆို လွယ်လွယ်နဲ့ မရပ်လိုက်နဲ့နော်။ နေခြည်အခု yoga တစ်လနားပြီး ပြန်ဆော့တဲ့အခါ ကြွက်သားတွေ တောင့်တင်းနေတာ အရင်လို ပြန်ဖြစ်ဖို့ ပြန်လေ့ကျင့်ရတော့မယ်” ဆိုပြီး သူကြုံတွေ့နေရတဲ့ ပြဿနာလေးကို ပြောပြခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဖက်ဖက်က ပြီးပြည့်စုံအောင်ကြိုးစားနေသူပီပီ “အသက်သုံးဆယ်မှာ အမိုက်စားစော်ကြီး ဖြစ်ရမယ်” ဆိုပြီးတော့လည်း သူ့ရဲ့ရည်မှန်းချက်ကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ..


Source – Nay Chi Oo
Rainbow- Cele Gabar