သံဃာတော်အပါး(၁၈၀)ကို အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်

Posted on

ပရိသတ်တွေကရွှေကစ်လို့ချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးဝတ်မှုန်ရွှေရည်ကတော့ အနုပညာလောကမှာထိပ်တန်းနေရာကိုရပ်တည်နေသလို စိတ်ထားမွန်မြတ်တဲ့သူတစ်ယောက်ပါ။ အသက်နဲ့မလိုက်အောင်နုပျိုလှပလွန်းတဲ့ရွှေကစ်ကတော့ လိုအပ်တဲ့နေရာတွေမှာလှူဒါန်းလေ့ရှိသူလည်း ဖြစ်ပါတယ်။


ကိုဗစ်ကာလအတွင်းမှာ မကြာခဏအလှူပြုလုပ်ခဲ့တာကိုပရိသတ်တွေ သတိထားမိကြမှာပါ။ အခုလည်း နောက်ထပ်အလှူတစ်ခုပြုလုပ်နေတဲ့အကြောင်းကို “ပုဂံမြို့လောကနန္ဒာစာသင်တိုက်မှာ သံဃာတော် အပါး၁၈၀ကိုအာရုဏ်ဆွမ်း” ဆပ်ကပ်လှူဒါန်းခဲ့ပါတယ် ဆိုပြီးတော့ အလှူပြုလုပ်နေတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေခဲ့ပါတယ်။ ရွှေကစ်ကတော့ လိုအပ်တဲ့နေရာတွေကိုလှူလေ့ရှိသလို အခုလိုမျိုးသာသနာတော်အတွက် အထောက်အပံ့ပြုတာလည်း လေးစားစရာပါ။


ရွှေကစ်ကတော့ Brand တော်တော်များများနဲ့လက်တွဲပြီးအလုပ်လုပ်နေသလို အခုလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပါ။ ထိပ်တန်းအောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားသလို လိုအပ်တဲ့နေရာမှာလက်မနှေးတဲ့ရွှေကစ်ကတော့ စိတ်သဘောထားကောင်းမွန်တဲ့သူတစ်ယောက်ပါပဲနော်…


Source : WuttHmoneShweYi