(၂၀၁၉) ခုနှစ် ဒီဇင်ဘာလောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကတော့ အခုဆိုရင် ဆက်တိုက်ဖြစ်ပွားလာခဲ့တာ တစ်နှစ်နီးပါးရှိနေပြီလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံမှာတော့ အခြားနိုင်ငံတွေလောက် ရောဂါပိုးကူးစက်ပျံံ့နှံမှုမများခဲ့ပေမယ့်လည်း လတ်တလောမှာတော့ ဒုတိယလှိုင်းပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။
ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာတဲ့ ရောဂါပိုးတွေ့ရှိသူတွေ့ကြောင့် အစစအရာရာလည်ပတ်နေပြီလို့ ထင်ထားကြတဲ့ ပြည်သူတွေရဲ့စိုးရိမ်တွေလည်း ပြန်လည်စတင်လာပြီလို့ ဆိုရမှာပါ။ ပထမတစ်ခါ အလုပ်တွေအကုန်ရပ်သွားချိန်မှာတောင် စားဝတ်နေရေးထိခိုက်ကြကုန်တဲ့သူတွေ အများကြီးမို့ ဒီတစ်ခေါက်သာ ထပ်ပြီး ရပ်ခဲ့ရင် ပိုဆိုးကုန်မှာ အမှန်ပါပဲ ပရိသတ်ကြီးရေ…
ပရိသတ်ရဲ့အချစ်တော်ဂျွန်လွင်တစ်ယောက်လည်း ပြန်လည်စတင်လာတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အိပ်မပျော်နိုင်ဖြစ်နေပြီ ဆိုတဲ့အကြောင်းကို ရင်ဖွင့်ခဲ့ပါတယ်။ ” covid19 ရယ်ထွက်သွားပါတော့…. မနက် 4.30 am ထဲက ငါပြန်အိပ်မပျော်တာ ငါအတွက်ထက် ငါဝန်ထမ်းတွေရယ်….. ငါတို့မြန်မာနိင်ငံရဲ့ အခြေခံပြည်သူတွေအတွက်စားဝတ်နေရေးစိတ်ပူလိုက်တာ” ဆိုပြီး ရေးသားမျှဝေလာပါတယ် ပရိသတ်ကြီးရေ… အခုလိုအချိန်ကတော့ အားလုံးစိတ်ပူနေရတဲ့အချိန်မို့ ရောဂါပိုးဆက်လက်မပြန့်ပွားအောင် ကိုယ့်ကိုယ့်ကိုယ်ထိန်းချုပ်ကာကွယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
Source – John Lwin
Rainbow- Cele Gabar