မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်သီချင်းလေးရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို ဖော်ပြလာတဲ့ပိုးကြာဖြူခင်

Posted on

ပရိသတ်တွေချစ်တဲ့ဇာတ်လမ်းတွဲမင်းသမီးချောပိုးကြာဖြူခင်ကိုတော့ ဆိုင်းမိုင်အဖြစ်နဲ့လည်း ပရိသတ်တွေသိကြမှာပါ။ ဆိုင်းမိုင်ကတော့သရုပ်ဆောင်ပိုင်းမှာအကောင်းဆုံးကြိုးစားပြီး ပရိသတ်တွေရဲ့အသည်းနှလုံးကိုဖမ်းစားထားသူတစ်ယောက်ဖြစ်ပါတယ်။


ဒီနေ့မှာတော့သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ “မြန်မာ့ရုပ်ရှင် နှစ်၁၀၀ ပြည့် အထိမ်းအမှတ် သီချင်းလေးရိုက်ကူးခဲ့ပါတယ် မျိုးဆက်သစ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြန်မာ့ရုပ်ရှင်လောက အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေကိုလည်းမျှဝေထားပါတယ်။


ဒီရိုက်ကူးရေးမှာတော့ ပိုးကြာဖြူခင်နဲ့အတူ ခေးဆက်သွင်၊မြတ်သူသူစတဲ့မင်းသမီးတွေအပြင် အခြားရုပ်သံဇာတ်လမ်းတွဲမင်းသားချောတွေလည်းပါဝင်ထားပါသေးတယ်။ ပိုးကြာဖြူခင်ကတော့ မျိုးဆက်သစ်အနေနဲ့လည်း အကောင်းဆုံးကြိုးစားဖို့ စိတ်ကူးတွေရှိနေပုံပါပဲနော်…
Source : poekyarphyukhin