Ah Boy ကတော့ မြင်သူတိုင်းအားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ အဆိုတော်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်ဝင်ရောက်လာပေမယ့် အခုဆိုရင်တော့ အနုပညာအလုပ်တွေ ခပ်ကျဲကျဲသာလုပ်ကာ မိသားစုစီးပွားရေးကိုဦးဆောင်နေသူပါ။ ဒါပေမယ့် ချစ်ခင်ရတဲ့ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်အောင် ဇနီးချောလေးမြတ်ရတနာကျော်နဲ့အတူ Our Travel Diaries Page လေးလုပ်ကာ ပရိသတ်တွေအတွက် ဗဟုသုတရစရာလေးတွေ မျှဝေပေးလျက်ရှိပါတယ်။
ဒီနေ့မှာတော့ သူ့ဘဝရဲ့အဖြစ်ချင်ဆုံးဆန္ဒတွေထဲက တစ်ခုပြီးမြောက်ခဲ့ပြီဖြစ်ကြောင်းကို မျှဝေခဲ့ပါတယ်။ ” ကျွန်တော်ဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတွေထဲက တစ်ခုရှိပါတယ်။ ဒီဆန္ဒလေးကတော့ ကျွန်တော့် ကိုယ်ပိုင်ရှာလို့ရတဲ့ပိုက်ဆံနဲ့ မိဘနှစ်ပါးအတွက်ရယ်၊ မိသားစုအတွက်ရယ် ရည်ရွယ်ပြီး ဘုရားတည်နိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီစိတ်ကူးလေးကို ကျွန်တော်အခု အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ အခု Vlog လေးကတော့ ကျွန်တော်ပြီးခဲ့တဲ့လက နေပြည်တော်မှာ အကိုရင်းတစ်ယောက်လိုခင်ရတဲ့ အသိမိတ်ဆွေ ကိုတိုးနဲ့ ဘုရားတည်ဖြစ်ခဲ့တာလေးကို အမှတ်တရရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ ဒီဘုရားတည်ဖြစ်တာဟာ ကျွန်တော် တစ်ယောက်တည်းရဲ့ဝင်ငွေသီးသန့်နဲ့မဟုတ်ပါဘူးဗျာ။
ကျွန်တော်တို့ Our Travel Diaries အမြဲကြည့်ရှုအားပေးတဲ့ ပရိသတ်တွေကြောင့် ရတဲ့ငွေတွေလည်းတစ်စိတ်တစ်ပိုင်းပါတာမို့ OTD ပရိသတ်တွေအားလုံးကျွန်တော်နဲ့အတူ ဒီ Vlog လေးကိုကြည့်ပြီး ကုသိုလ်ယူနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်နဲ့အတူ ဗီဒီယိုလေးကြည့်ပြီး ပီတိတွေကူးစက်နိုင်ကြပါစေဗျာ” ဆိုပြီး သူလှူဒါန်းထားတဲ့နဂါးရုံဘုရား ရေစက်ချအမျှဝေတုန်းက ရိုက်ကူးထားတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ်။ အခုလို ဘုရားတည်နိုင်ဖို့အတွက် Our Travel Diaries Page လေးကို အားပေးကြတဲ့ပရိသတ်ကြီးရဲ့ကျေးဇူးလည်းပါတာမို့ အားပေးနေတဲ့ပရိသတ်တွေအကုန်လုံး ထပ်တူကုသိုလ်ရကြမှာ အသေအချာပါပဲနော်။
Source – Kyaw Phyu Tun
Rainbow- Cele Gabar