အချစ်ဇာတ်လမ်းတိုလေးနဲ့ ပရိသတ်ကိုဖမ်းစားခဲ့တဲ့ ခြူးစစ်ဟန်ရဲ့ “မင်းပေးတဲ့နာရီ” သီချင်းဗွီဒီယိုလေး

Posted on

မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ခြူးစစ်ဟန်ကိုတော့ ပရိသတ်ကြီးချစ်ကြမှာပါနော်။ ပြီးပြည့်စုံတဲ့မျက်နှာအလှတရားကိုပိုင်ဆိုင်ထားတဲ့အပြင် အနုပညာတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်မို့ အဆို၊အက၊သရုပ်ဆောင်ပိုင်းစတဲ့နေရာတွေမှာ အနုပညာအရည်အချင်းပြည့်ဝသူတစ်ယောက်လည်း ဖြစ်ပါတယ်။

မကြာသေးခင်ကမှ တေးရေးအောင်မြင့်မြတ်ရေးသားထားခဲ့တဲ့ မင်းပေးတဲ့နာရီ သီချင်းလေးကို ထွက်ရှိထားပြီး ဒီသီချင်းလေးရဲ့ MVကိုတော့ အမိုက်စားသရုပ်ဖော်မှုတွေနဲ့ ဖန်တီးထားပါတယ်။ (၁၉၈၅) ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က ကံကြမ္မာစေရာကြောင့် ကွေကွင်းသွားခဲ့ရပေမယ့် (၂၀၂၀)ခုနှစ်မှာ သူတို့နှစ်ဦးပြန်လည်ဆုံတွေ့ကြဖို့ ကံတရားက ဘယ်လိုဖန်တီးပေးဦးမလဲ။

ပြန်တွေ့တဲ့အချိန်မှာတော့ အရင်လို ဆန့်ကျင်ဘက်လိင်နှစ်ခုရဲ့ချစ်ခြင်းမျိုးနဲ့မဟုတ်ဘဲ ယနေ့ခေတ်မှာ အများကြီးတွေ့မြင်နေရတဲ့ Boy Love ပုံစံမျိုးလေးနဲ့ သရုပ်ဖော်ထားတာမို့ တကယ်ကို စိတ်ဝင်စားစရာပါပဲ ပရိသတ်ကြီးရေ… ဒီသီချင်းလေးရဲ့ MV မှာတော့ ဒီဇာတ်လမ်းလေးရဲ့တစ်ဝက်ကိုသာ ထည့်သွင်းထားပြီး ဇာတ်လမ်းအပြည့်အစုံကိုတော့ Short Film လေးအနေနဲ့ သြဂုတ်လ(၂၈) ရက်နေ့မှာတင်ဆက်ပေးသွားမှာပါ။ အမိုက်စားပုံဖော်ဖန်တီးမှုတွေနဲ့ ထွက်ရှိလာတဲ့ ခြူးစစ်ဟန်ရဲ့သီချင်းဗွီဒီယိုလေးကို စောင့်မျှော်နေကြတဲ့ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source – Chuu Sitt Han
Rainbow- Cele Gabar