ငယ်ချစ်ဦးလေးနဲ့ Pre-wedding ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် ဘုန်းလျှံ

Posted on

ဘုန်းလျှံဟာ မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ ဇာတ်ပို့ သရုပ်ဆောင်အနေနဲ့ တော်တော်များများ သရုပ်ဆောင်ခဲ့ပြီး သီချင်း MV တော်တော်များများမှာလဲ ပါဝင်ခဲ့သူတစ်ဦးပါ။ မူးယစ်ဆေးဝါးမှုနဲ့ အကျဉ်းကျပြီး (၂၀၂၀) ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာပြီး စိတ်သစ်လူသစ်နဲ့ အနုပညာအလုပ်တွေပြန်လည် လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ ပရိသတ်တွေကို ဘုန်းလျှံတစ်ယောက် မင်္ဂလာသတင်းလေးတစ်ခု ကြေငြာလာခဲ့ပါတယ်နော် ။ သူ့ရဲ့ ငယ်ချစ်ဦး ဖြစ်တဲ့ မေသင်းမောင် နဲ့ ဒီနေ့ သြဂုတ်လ (၂၆) ရက်နေ့မှာ Aroma Studio မှာ Pre Wedding ရိုက်ကူးခဲ့တယ်လို့သိရပါတယ် ။ လူပျိုကြီး ဘုန်းလျှံတစ်ယောက် ရုတ်တရက် ကြီး အစွံထုတ်တော့မယ် အကြောင်း ပရိသတ်တွေကို ကြေငြာလိုက်တာဆိုတော့ အားလုံး အံ့သြသွားကြမယ်ထင်ပါတယ်နော် ။

ပရိသတ်တွေကတော့ သူတို့ရဲ့ မင်္ဂလာသတင်းလေးအတွက် ဂုဏ်ပြုစကားလေးတွေ မှတ်ချက်ပေးထားကြတာကို တွေ့ရပါတယ် ။ သရုပ်ဆောင် ဘုန်းလျှံတစ်ယောက် ချစ်ရသူနဲ့ရာသက်ပန် ပေါင်းဖက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း Pre wedding ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : 7th Sense Creation
Emily (Cele Gabar)