ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များ ကူညီရေးအသင်းက ကျောက်ကပ်လဲဖို့လိုနေတဲ့ ကလေးအတွက် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ စမိုင်းလ်

မကြာခဏဆိုသလိုအလှူအတန်းတွေပြုလုပ်လေ့ရှိတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ အလှူရေစက်လက်နဲ့မကွာ ဆိုသလို Covid-19 နဲ့ပတ်သက်ပြီး တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးနေသလို အလုပ်လက်မဲ့ဖြစ်ပြီး စား ဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အနုပညာလောကသားများကိုလည်း သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှီပါတယ် ။

လတ်တလောမှာတော့ စမိုင်းလ်တို့ဇနီးမောင်နှံက မာမီကွတ် ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်များကူညီရေးအသင်းက ကျောက်ကပ်လဲဖို့လိုအပ်နေတဲ့သားလေးအတွက် အလှူငွေ ၁၀သိန်းလှူခဲ့တယ် လို့သိရှိရပါတယ် ။ သားလေးအမြန်ဆုံးသက်သာပျောက်ကင်းပါစေ ဆိုတဲ့ ဆုမွန်ကောင်းလေးနဲ့အတူ သူမလှူဒါန်းခဲ့တဲ့ ကလေးလေးရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ် ။

သူမရဲ့အလှူလေးကြောင့် ပရိသတ်အချို့ကလည်း လိုအပ်ရင်လှူဒါန်းချင်ကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာလည်းတွေ့ရပါတယ် ။ ကလေးလေး အမြန်ဆုံးကျန်းမာဖို့အတွက်လည်း ပရိသတ်တွေက ဆုမွန်ကောင်းတောင်းပေးထားကြပါသေးတယ် ။ စမိုင်းလ်တို့ ဇနီးမောင်နှံလည်း လိုအပ်နေတဲ့ နေရာတွေမှာ ဒီထက်မက လှူဒါန်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Smile
Emily (Cele Gabar)

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x