တိရစ္ဆာန်ရုံကို သူငယ်ချင်းတွေနဲ့သွားရောက်လှူဒါန်းဖြစ်တယ်ဆိုတဲ့ အလင်းရောင်

Posted on

အလင်းရောင်ကိုတော့ ရုပ်ရှင်ဇာတ်ကားတွေထဲက သရုပ်ဆာင်ချက်တွေသာမက သီချင်းတွေကြောင့်လည်း ပရိသတ်တွေကချစ်ခင်အားပေးကြတယ်လို့ဆိုရမှာပါ။ ဒါ့အပြင်စိတ်ထားကောင်းတဲ့ အလင်းရောင်ကတော့ လိုအပ်တဲ့နေရာတွေမှာလည်း သွားရောက်လှူဒါန်းတတ်တဲ့ စိတ်ထားလေးရှိသူတစ်ယောက်ပါ။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာသူငယ်ချင်းတွေနဲ့စုပြီးတော့ အလှူတွေလုပ်ဖြစ်တဲ့အကြောင်းကို “မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစုရဲ့ စုပေါင်းအလှူလေးပါ…အခုလိုကာလမှာ တိရစ္ဆာန်ရုံလည်း ပိတ်ထားရတော့ လာလည်တဲ့သူတွေမရှိတဲ့အခါ… သူတို့လေးတွေလည်း အရင်လိုတော့ မစားရရှာဘူးပေါ့…သနားစရာကောင်းတဲ့ သူတို့လေးတွေကို အစာအာဟာရ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ရပါတယ်… တတ်နိုင်သလောက် သွားရောက်လှူဒါန်းဖို့လည်း တိုက်တွန်းပါရစေ…..” ဆိုပြီးတော့ ပရိသတ်တွေကိုပြန်လည်မျှဝေထားတာပါ။


တိရစ္တာန်ရုံက တိရစ္ဆာန်လေးတွေကို စာနာသနားစိတ်ကြောင့် အလင်းရောင်ကတော့ အချိန်ပေးကာ သူငယ်ချင်းတွေနဲ့အတူသွားရောက်လှူဒါန်းခဲ့ပါပြီ။ စိတ်ထားကောင်းတဲ့အလင်းရောင်တစ်ယောက် အမြဲလှူတန်းနိုင်ပါစေနော်…


Source : ALinnYaung