ဗွီဒီယိုဟောင်းတစ်ခုကိုကြည့်ပြီး သူငယ်ချင်းဖြစ်သူ မင်းသွေးကို သတိရနေတဲ့ ကျော်ကျော်

Posted on

ပျောက်သောသူကြာရင်တွေ့ သေသောသူကြာရင်မေ့ဆိုပေမယ့် ပရိသတ်ရင်ထဲမှာ ယနေ့ထိတိုင်မေ့လို့မရနိုင်သေးသူကတော့ မင်းသွေးပါ။ နုပျိုလန်းဆန်းနေတဲ့အရွယ်မှာ သေခြင်းတရားကိုရင်ဆိုင်ခဲ့ရတဲ့ပြင် လူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တဲ့စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေရင်ထဲမှာသာမက အနုပညာရှင်အသိုင်းအဝိုင်းမှာပါ မင်းသွေးရဲ့သေဆုံးမှုကို ယနေ့ထက်တိုင် မေ့မရနိုင်သေးတဲ့သူတွေ အများအပြားပါ။

ဒီနေ့မှာလည်း ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်ကျော်ကျော်ကတော့ ဗွီဒီယိုဟောင်းလေးတစ်ခုကို ကြည့်မိရင်း သူငယ်ချင်းဖြစ်သူ မင်းသွေးကို တမ်းတမိကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ” သုံးနှစ်တောင်ကြာခဲ့ပီဆိုပေမယ့်…မနေ့ကလိုပါပဲ သူငယ်ချင်းရယ်…အမြဲတမ်းသတိရနေဆဲပါ” ဆိုတဲ့စာသားလေးနဲ့အတူ နှစ်ယောက်သား ရယ်မောစရာလေးပြောရင်း အတူရှိကြတဲ့အချိန်တုန်းက မှတ်တမ်းဗွီဒီယိုလေးကို မျှဝေခဲ့ပါတယ်။

ဘောလုံးကိုအရမ်းချစ်တဲ့မင်းသွေးတစ်ယောက် သူငယ်ချင်းကျော်ကျော်နဲ့အတူ ဟာသဖောက်ထားတဲ့ဗွီဒီယိုလေးကတော့ အခုလိုအချိန်မှာ ကျော်ကျော်ကိုသာမက ပရိသတ်ကြီးကိုပါ ဝမ်းနည်းစေမှာပါ။ မင်းသွေးပါဝင်သရုပ်ဆောင်ထားတဲ့ ဗွီဒီယိုလေးတွေကြည့်လိုက်တိုင်း သူဒီလောကကြီးထဲမှာ မရှိတော့ဘူးဆိုတာ မယုံနိုင်စရာပါပဲနော်… ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော မင်းသွေးရဲ့ပရိသတ်တွေရှိလား…

Source – Kyaw Naing Oo
Rainbow- Cele Gabar