ရှစ်တန်းနှစ်ကတည်းက မော်ဒယ်လ် စလုပ်နေပါပြီဆိုတဲ့ မအေးသောင်း

Posted on

အနုပညာသက်ကြာမှ စန်းပြန်ထပြီး အောင်မြင်မှုတွေသိမ်းပိုက်လာသူကတော့ မအေးသောင်းပါ။ အချိန်အနည်းငယ်လောက် ပရိသတ်ရှေ့မှာပျောက်နေခဲ့ပေမယ့် အခုဆိုရင် ရုပ်ရှင်၊ဇာတ်လမ်းတွဲ၊ ကြော်ငြာရိုက်ကူးရေးတွေဆက်တိုက်လုပ်လာရတဲ့အထိ ပြန်လည်အောင်မြင်လာသူတစ်ယောက်ပါ။

မအေးသောင်းကတော့ မြန်မာမိန်းကလေးတော်တော်များများမှာ ရှိတဲ့အရပ်ထက် ပိုရှည်သူဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသူမို့ ငယ်ရွယ်စဉ်ကျောင်းသူဘဝကတည်းက မော်ဒယ်လ်စလုပ်ခဲ့သူဖြစ်ပြီး အနုပညာသက် အတော်ကြာနေပြီလို့ဆိုရမှာပါ။ ဒီနေ့မှာတော့ (၈)တန်းကျောင်းသူဘဝတုန်းက မော်ဒယ်လ်လုပ်ခဲ့တဲ့ပုံရိပ်လေးတွေနဲ့အတူ ” ငါတို့ (၁၀) တန်းတုန်းက သူက Model တောင်လုပ်နေပြီဆိုတဲ့အကိုကြီး အမကြီးတို့ရေ… အဲ့တုန်းက စမီးက (၈) တန်းနော်။ ပိုကြီးလာလေ ပိုချောလာလေက အားနည်းချက်” ဆိုပြီး ရေးသားမျှဝေခဲ့ပါတယ်။

ဟိုးအရင်အချိန် ရှစ်တန်းကျောင်းသူဘဝကတည်းက မော်ဒယ်လ်အဖြစ်နဲ့ ရပ်တည်ခဲ့တဲ့ မအေးသောင်းကတော့ အဲ့ဒီအချိန်တွေကတည်းက မိမိုက်နေသူပါပဲ ပရိသတ်ကြီးရေ… မအေးသောင်းရဲ့အနုပညာခြေလှမ်းအစ မော်ဒယ်လ်ဘဝက ပုံရိပ်လေးတွေ မမြင်ဖူးသေးတဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source – Aye Thaung
Rainbow- Cele Gabar