ခံစားချက်တွေပြင်းထန်လွန်းတဲ့ “နန်းမို” ကာရိုက်တာကို အစွမ်းကုန်သရုပ်ဆောင်ထားတယ်ဆိုတဲ့ ဆုပန်ထွာ

Posted on

အနုပညာအလုပ်တွေ ရပ်နားပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို အချိန်ပေးတည်ဆောက်နေသူ ဆုပန်ထွာကတော့ လတ်တလောမှာ အနုပညာအလုပ်တွေလုပ်တာ ပြန်မြင်ချင်တဲ့ ပရိသတ်ကြီးအတွက် “ရခဲ့သမျှအရာရာ ” ဇာတ်လမ်းတွဲမှာ “နန်းမို” ဇာတ်ကောင်အနေနဲ့ ပါဝင်ရိုက်ကူးနေပြီး မနေ့ကတော့ ဒီဇာတ်လမ်းတွဲလေးကို ရိုက်ကူးပြီးစီးသွားပြီမို့ မကြာခင်မှာ ကြည့်ရှုအားပေးနိုင်တော့မှာပါ။

ဒီဇာတ်လမ်းတွဲလေးထဲ ရိုက်ကူးပြီးချိန်မှာတော့ သူပါဝင်သရုပ်ဆောင်ရတဲ့ “နန်းမို” ကာရိုက်တာနဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို မျှဝေခဲ့ပါတယ်။ သာမန်ဖြစ်စဉ်ဘဝမျိုးမဟုတ်ဘဲ ကံတရားကြောင့်ဖြစ်တည်လာတဲ့ ဘဝတစ်ခုကို ကြိုးစားဖြတ်သန်းနေရတဲ့ “နန်းမို”၊ သူ့ဘက်ကကြည့်ရင် သူအမှန်၊ ဘေးလူကကြည့်ရင် အိုင်တင်တွေလုပ်ရင်း ရူးများသွားသလား နန်းမို လို့ပြောရလောက်အောင် ခံစားချက်တွေပြင်းထန်သူ “နန်းမို”၊ “နန်းမို” လိုအခြေအနေမျိုး အပြင်မှာလူတွေရဲ့ဘဝတွေ ဘယ်လောက်တောင် အမျိုးမျိုးဖြတ်ကျော်နေကြသလဲ ဆိုပြီး သူ့ရဲ့ကာရိုက်တာနဲ့ ပတ်သက်တဲ့အကြောင်းလေးကို မျှဝေခဲ့ပါတယ်။

ဒါ့အပြင် ဆုပန်ထွာကတော့ ဇာတ်ကားတွေအများကြီး မရိုက်ဖြစ်တော့တဲ့အချိန်မှာ ကိုယ်သရုပ်ဆောင်ရတဲ့ “နန်းမို” ကာရိုက်တာလေးကိုတော့ ပရိသတ်ရင်ထဲရောက်ချင်တာမို့ အစွမ်းကုန်ကြိုးစားထားပါတယ်တဲ့ ပရိသတ်ကြီးရေ… ပန်ပန်ရဲ့ ပရိသတ်ကြီးရေ ဒီဇာတ်လမ်းတွဲလေးထွက်လာရင် အားပေးဖို့ အသင့်ပဲမလား။


Source – Supan Htwar
Rainbow- Cele Gabar