ပရိသတ်တွေစောင့်မျှော်ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်လာတဲ့ ရင်ခုန်သံ(၇၄) ရက်

Posted on

မြန်မာဇာတ်လမ်းတွဲကိုအားပေးတဲ့ပရိသတ်တွေအတွက်စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုကတော့ ရင်ခုန်သံ (၇၄)ရက် ပါ။အခမဲ့ရုပ်သံလိုင်းတစ်လိုင်းဖြစ်တဲ့ MNTV Channel ကနေ သြဂုတ်လ (၂၄) ရက်နေ့ကနေ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ပြသမယ့် ရင်ခုန်သံ (၇၄) ရက် ရုပ်သံဇာတ်လမ်းတွဲက စိတ်ကူးယဉ်ဟာသ အချစ်ဇာတ်လမ်းမျိုးဖြစ်ပြီး မြန်မာ့ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ ထူးခြားတဲ့ဇာတ်လမ်း၊ ဇာတ်ကွက်မျိုးဖြစ်ပါတယ်။


အဆင့်မြင့် မြန်မာ့ရုပ်သံဇာတ်လမ်းတွဲ လို့လည်းပြောလို့ရပါတယ်။ အပိုင်း (၁) ကို စကြည့်လိုက်တည်းက ရိုက်ထားတဲ့ ရုပ်ရှင်ရိုက်ကူးရေးဘယ်လောက်အဆင့်မြင့်လဲ၊ CG တွေသုံးပြီး ရုပ်ရှင်ကြည့်သူတွေကို ဘယ်လိုဆွဲဆောင်ထားလဲ ဆိုတာ ပရိသတ်ကြီးသတိထားမိမှာပါ။ ဒီနောက်ပိုင်း ဇာတ်လမ်းတွဲထဲမှာ Romance Drama လေးတွေကို လူတွေက ပိုစိတ်ဝင်စားကြတဲ့အတွက် ဒီဇာတ်ကားက ဒီ Taste ကို မီတဲ့မြန်မာ့ရုပ်သံဇာတ်လမ်းတွဲဖြစ်တာကြောင့် ပရိသတ်တွေစိတ်ဝင်စားကြမှာပါ။


ဇာတ်လမ်းရဲ့မြုပ်ကွက်တွေက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ Trailer ကို မှာတော့ မိုးနတ်သားက လူ့ပြည်ကိုဆင်းလာချိန်မှာ သူ့ရဲ့ ဝလယ ဆိုတဲ့လက်ကောက်ပျောက်သွားပြီး သူသူစံဆိုတဲ့ ကောင်မလေးနဲ့ တွေ့ခဲ့တယ်။ အဲဒီနောက် လူ့ပြည်မှာလက်ကောက်ရှာရင်း သူသူစံနဲ့ ချစ်ကြိုးသွယ်ခဲ့ကြတယ်။ ဒါပေမဲ့ မင်းသား၊ မင်းသမီးတွေရဲ့ အင်တာဗျူးတွေကို ပြန်ကြည့်တော့ အဲ့ဒီဇာတ်လမ်းတင်မဟုတ်သေးဘဲ မြုပ်ကွက်တွေရှိနေပါသေးတယ်။ အဲ့ဒီမြုပ်ကွက်က ဘာဖြစ်မလဲ၊ မိုးနတ်သားနဲ့ သူသူစံ နောက်ဆုံးမှာ လက်တွဲဖြစ်ကြလား ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါ။


ဒီဇာတ်လမ်းတွဲဟာ မဒီလေးတွေရဲ့အသည်းကျော်ရုပ်ရှင်မင်းသား ခါရာရဲ့ ပထမဆုံး Fantasy Romance ဇာတ်လမ်းလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ပထမဆုံး ပိုစတာကို စမြင်တဲ့အချိန် ရုပ်ရှင်ချစ်သူတွေကြားမှာ ဝတ်စုံနဲ့ပတ်သက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားကြပေမယ့် ခါရာရဲ့ Character နဲ့သူ့ရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တာကို သတိမထားမိကြဘူး ထင်ပါတယ်။ အက်ရှင်ကားတွေနဲ့မြင်နေရတာ အသားကျနေတဲ့ မင်းသား ခါရာကို ဒီဇာတ်ကားမှာ ရိုမန့်တစ်ဆန်ဆန်၊ ထူးထူးခြားခြား ကာရိုက်တာနဲ့မြင်ရမှာမို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခါရာရဲ့ အနုပညာသရုပ်ဆောင်စွမ်းရည်က ဒီကားပေါ်ရဲ့အဓိကဖြစ်နေလို့ကို စောင့်မျှော်ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလို့ ပြောရတာပါ။ ဒီအချက် (၃) ချက်နဲ့ ကိုက်ညီလို့ကို ပရိသတ်တွေ ကြည့်ဖြစ်အောင် စောင့်ကြည့်စေချင်ပါတယ်နော်…

Source : mntv