ကိုယ်တိုင်အလုပ်တွေ မအားလပ်ပေမယ့် လူကုန်ကူးမှု Talk Show လေးမှာ ပါဝင်ကူညီခဲ့တဲ့ ခိုင်နှင်းဝေ

Posted on

မင်းသမီးချောခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တော့ဘဲ လူမှုအကျိုးပြုအလုပ်တွေလုပ်ရင်း ဘဝကိုဖြတ်သန်းနေသူပါ။ ပရဟိတမင်းသမီးတစ်လက်အနေနဲ့ အဓိကရပ်တည်လာသူဖြစ်ပြီး ကိုယ်တိုင်လည်း မိဘမဲ့ကလေးတွေကို ရင်အုပ်မကွာစောင့်ရှောက်ပေးနေရုံမက လိုအပ်တဲ့နေရာတွေမှာလည်း လူအား၊ငွေအားနဲ့ ဆက်တိုက်ကူညီနေသူပါ ပရိသတ်ကြီးရေ..

ဒီနေ့မှာတော့ လူကုန်ကူးမှုကာကွယ်တိုက်ဖျက်ရေးအတွက် ပညာပေးစကားဝိုင်းလေးတစ်ခုမှာ သွားရောက်ကူညီပေးခဲ့ပါတယ်။ ကလေး(၃၅) ယောက်ရဲ့နေ့စဉ်တာဝန်ကိုယူထားရတဲ့ မေမေဖြစ်ပေမယ့် အခုလို လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း မအားတဲ့ကြားက နိုင်တဲ့ဝန်လေး ပြေးထမ်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

လူကုန်ကူးမှုအသိပေးစကားတွေကို အများသူငါကြား ပျံ့နှံ့စေဖို့ စံပြပရဟိတမင်းသမီးတစ်ယောက်အနေနဲ့ ဝင်ရောက်ဆွေးနွေးအသိပညာပေးခဲ့ပြီး လူကုန်ကူးခံရခြင်းတွေ ကင်းဝေစေဖို့ ဆုတောင်းရင်း သူ့ရဲ့ဒီနေ့တနေ့တာ ပရဟိတအလုပ်လေးကို မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။


Source – Khine Hnin Wai
Rainbow- Cele Gabar