ပထမဆုံးမင်္ဂလာလက်ဖွဲ့အနေနဲ့ နေထက်လင်းဆီက လက်ဖွဲ့ငွေ(၁၀) သိန်းရခဲ့တဲ့ ဘုန်းလျှံ

Posted on

အချိန်တစ်ခုကြာ ပရိသတ်ရှေ့ကထွက်ခွာခဲ့ရသူဘုန်းလျှံကတော့ အခုချိန်မှာ ပရိသတ်အားပေးမှုနဲ့ အတူ နေရာတစ်ခုပြန်လည်ရရှိလာပြီဖြစ်ပါတယ်။ ထောင်ကထွက်လာကတည်းက ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေသူဖြစ်ပြီး ပရဟိတအလုပ်တွေကို လူအား၊ငွေအားနဲ့တတ်အားသရွေ့ကူညီနေသူပါ။

ဘုန်းလျှံကတော့ မကြာသေးခင်ကမှ ငယ်ချစ်ဦးနဲ့အတူ Prewedding Photo တွေရိုက်ခဲ့ပြီး မကြာခင်မှာတော့ မင်္ဂလာသတင်းကြားရတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၂၀) ကျော်ကတည်းက ချစ်ခဲ့ဖူးသူလေးနဲ့ပဲ ပြန်လည်လက်တွဲခဲ့တဲ့ ဘုန်းလျှံကတော့ မင်္ဂလာပွဲမဆောင်ရသေးခင်မှာဘဲ လက်ဖွဲ့ငွေရရှိနေပြီဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ “ပထမဆုံးလက်ဖွဲ့အနေနဲ့..ကိုနေထက်လင်းဦးဆောင်ပြီး ဖားကန့်ကရခိုင်သားတစုက (10)သိန်းလက်ဖွဲ့ခဲ့ပါတယ်…ဒီလိုဂုဏ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်ဗျ” ဆိုပြီး ပထမဆုံးရရှိခဲ့တဲ့ လက်ဖွဲ့လေးကို မျှဝေခဲ့ပါတယ်။

နေထက်လင်းနဲ့ ဘုန်းလျှံတို့နှစ်ဦးကတော့ ရခိုင်တိုင်းရင်းသားညီအစ်ကိုတွေဖြစ်သလို ဟိုးအရင်အချိန်ကတည်းက အနုပညာအလုပ်တွေလုပ်ရင်း ရင်းနှီးခဲ့သူပါ။ လတ်တလောမှာလည်း ရခိုင်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာ နှစ်ဦးသားပါဝင်ကူညီလျက်ရှိပြီး နေထက်လင်းကတော့ ညီလေးအတွက် သူဦးဆောင်ပြီး ဆယ်သိန်းလက်ဖွဲ့ပေးခဲ့တာပဲ ဖြစ်ပါတယ်။


Source – Bhone Hlan
Rainbow- Cele Gabar