ငယ်ငယ်တုန်းက မျက်နှာထားတင်းလို့ လူချစ်လူခင်မပေါခဲ့ဘူးဆိုတဲ့ စိုးမြတ်သူဇာ

Posted on

အနုပညာရှင်တစ်ယောက်အနေနဲ့ နှစ်ရှည်လများပရိသတ်အချစ်ကိုရရှိခဲ့သူကတော့ စိုးမြတ်သူဇာပါ။ တော်ဝင်ကျက်သရေရှိတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့အပြင် ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်သူမို့ အနုပညာလောကမှာ အချိန်အကြာကြီး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

စိုးမြတ်သူဇာကတော့ ဒီနေ့မှာ သူအနုပညာလောကကို စတင်ဝင်ရောက်ခဲ့တုန်းက လူတွေအကြောင်း နားမလည်ခဲ့တဲ့အချိန်တချို့ကို အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ မသိတတ်တဲ့အရွယ်တုန်းက လူတွေရှေ့ရောက်ရင် ပြုံးပြုံးရွှင်ရွှင်နေရမယ်မှန်းမသိခဲ့ပဲ နောက်မှ သေချာလေ့ကျင့်ယူခဲ့ရတဲ့အကြောင်းကို ” အရင်တုန်းကဆို မကြီးမျက်နှာထားကြီးက အရမ်းတင်းတယ်.. ငယ်ငယ်တုန်းကဆို လူချစ်လူခင်ကလည်း မပေါဘူး.. မျက်နှာတင်းဆို မကြီးက တင်းထားတာမဟုတ်ဘူး… မကြီးမျက်နှာကြီးကိုက နဂိုကတည်းက တင်းနေတာလေ.. တင်းနေတဲ့မျက်နှာကို သူများက အဲ့လိုထင်ရင် ပြုံးနေရမယ်ဆိုတာ သဘောမပေါက်ခဲ့ဘူး…အသက်ကြီးလာမှ လူတွေ့ရှေ့ရောက်ရင် ပြုံးထားရမယ်ဆိုတာသိလာတော့ အသက်ကြီးမှ မကြီးကို ပိုတောင်ချစ်လာကြသလိုပဲ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် မျက်နှာထားတင်းတာကြောင့် နိုင်ငံခြားမှာအလုပ်လုပ်စဉ်ကလည်း ဘိုမတစ်ယောက်ရဲ့ စိတ်ဆိုးနေတာလား ဆိုတဲ့အမေးကို ခံခဲ့ရဖူးကြောင်း ၊ လူတွေက ကိုယ့်ကိုမြင်ရင်ကြောက်ကြကြောင်း စတဲ့အတွေ့အကြုံတွေကို ဖြေကြားထားတဲ့ အင်တာဗျူးဗွီဒီယိုလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar