မွေးနေ့အစီအစဉ်တွေကို ပရိသတ်တွေကိုပြောပြလာတဲ့ နီနီခင်ဇော်

Posted on

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ နီနီခင်ဇော်ကတော့ ပရိသတ်တွေရဲ့အချစ်တွေနဲ့အတူအောင်မြင်မှုရရှိလျက်ပါ။ လက်ရှိအချိန်မှာ အနုပညာရှင်အနေနဲ့သာမက စီးပွားရေးလုပ်ငန်းရှင်အနေနဲ့လည်း ရပ်တည်နေတာကြောင့် အတုယူစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။


နီနီခင်ဇော်ကတော့ မကြာခင်ကျရောက်တော့မဲ့မွေးနေ့နဲ့ပတ်သက်ပြီး မွေးနေ့ရောက်တော့မယ်ဆိုတော့ဘာကျွေးမှာလဲ လာလာမေးကြတယ်….အရင်လိုပဲ ဘာအစီအစဉ်မှမရှိပါဘူး …လို့ (အလှူတွေလုပ်ပါမယ်) Hope သီချင်းထွက်ပါမယ်….၃၀ရက်နေ့ မွေးနေ့အကြို Super Red Give Away Live ရှိပါမယ် အပြင်သွားရင် Mask တပ်ပါ လက်ဆေးပါ ကျန်းမာအောင်မျှတစွာစားပါနော် ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသားထားတာပါ။


နီနီကတော့ပရိသတ်တွေကို အလှကုန်ပစ္စည်းတွေ လက်ဆောင်ပေးဦးမှာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နီနီရဲ့မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းတွေ သတိတရနဲ့တောင်းပေးကြဦးမယ် မဟုတ်လားနော်…
Source : NiNiKhinZaw