ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကို ကိုတော့ ပရိသတ်တွေ ချစ်ကြမှာပါနော်။ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့အပြင် မေမေ့လိုပဲ အနုပညာကို ချစ်တဲ့စိတ်အပြည့်အဝပါသူတစ်ယောက်ပါ။
သမီးလေးကို အနုပညာအလုပ်တွေမလုပ်စေချင်သေးတဲ့ မလင်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ သမီးလေးကို အနုပညာခြေလှမ်းစတင်ခွင့်ပေးခဲ့ပါတယ်။ ကမ်းလှမ်းလာတဲ့အလုပ်တွေကို မေမေလက်ခံမှ ရိုက်ကူးခွင့်ရမှာ ဖြစ်တဲ့ မြူလင်းကတော့ သူ့ရဲ့ပထမဆုံး အနုပညာခြေလှမ်းလေးကို ရင်ခုန်မှုအပြည့်နဲ့ စောင့်မျှော်ခဲ့ရကြောင်း ဖြေကြားခဲ့ပါတယ်။
ပျိုမေတွေရဲ့အသည်းကျော်လေး ဆမ်ဆမ်ရဲ့ “နာမည်လေးကြားရုံနဲ့ ” သီချင်းဗွီဒီယိုလေးကို ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပြီး မေမေကလည်း ခွင့်ပြုခဲ့တာကြောင့် မြူလင်းကတော့ အနုပညာခြေလှမ်းစတင်ခွင့်ရခဲ့တာပါ။ သရုပ်ဆောင်တာနဲ့ပတ်သက်ပြီး မေမေလင်းဇာနည်ဇော်အပြင် ဦးမိုက်တီးကပါ အကြံဉာဏ်လေးတွေပေးခဲ့ကြောင်း ပထမဆုံးရိုက်ကွင်းလေးမှာ အင်တာဗျူးဖြေကြားထားတဲ့ မြူလင်းရဲ့ဗွီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source – Exclusive On Cele Gabar
Rainbow- Cele Gabar