ကွယ်လွန်သူမင်းသွေးကို ရည်စူးပြီး မိသားစုမှရခိုင်စစ်ရှောင်ပြည်သူတွေကို လှူဒါန်း

ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသွေးကတော့ ကွယ်လွန်သွားတာတစ်နှစ်ကျော်ခဲ့ပါပြီ။ မိသားစုကတော့ သတိတရနဲ့ကောင်းမှုကုသိုလ်တွေရည်စူးပြီးလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ဒီနေ့သူ့ရဲ့မွေးနေ့မှာ မင်းသွေးအတွက်ရည်စူးပြီးလုပ်ပေးခဲ့တဲ့ အလှူတစ်ခုကိုတော့ အစ်ကိုအရင်းဖြစ်သူ နေတိုးကသူ့ရဲ့ဖေ့ဘွတ်ကနေပြန်လည်မျှဝေခဲ့ပါတယ်။


အဲ့ဒီအကြောင်းကိုတော့ နေတိုးရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တည်အိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ ပရိသတ်များအားလုံးကုသိုလ်အမျှရကြပါစေခင်ဗျာ” ဆိုပြီးတော့ ပုံများနဲ့တကွ ပြန်လည်မျှဝေခဲ့တာပါ။


မင်းသွေးကတော့ဆုံးပါးသွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရှိခဲ့တဲ့ သူ့ရဲ့အနုပညာဖန်တီးမှုတွေနဲ့အတူ ပရိသတ်တွေကသတိရနေဆဲလည်း ဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာပျော်ရွှင်နေနိုင်ပါစေ မင်းသွေးရေ….
Souce : NayToe

Check Also

” ပွင့်လင်းရိုးသားကာ ဟိတ်ဟန်မရှိဘဲ အလိုက်သိတတ်တဲ့နှိုင်းယှဥ်မြင့်မိုရ်ရဲ့ စိတ်ထားနဲ့ပတ်သက်ပြီး သူမအမြင်ကို ပြောပြလာတဲ့ဘေဘီမောင်”

CeleGabar ပရိသတ်ကြီးရေ ဘေဘီမောင်ကတော့အနုပညာလောကမှာ နာမည်တစ်ခုရရှိခဲ့ကာ ပရိသတ်တွေလက်ခံထားတဲ့မင်းသမီးတစ်လက်ပါ။ ဒါ့အပြင် အဆိုတော်သားဂန်းနဲ့လက်ထပ်ကာ အခုဆိုရင်သမီးဦးလေးကို လွယ်ထားရပြီပဲ ဖြစ်ပါတယ်။   လက်ရှိမှာလည်း”မျက်နှာမှာမျက်နှာဖုံးမရှိဘူး ရိုးရှင်းစွာဒဲ့ဒိုးသမားသူတစ်ပါးကိုကူညီတယ် စေတနာပြည့်ဝတယ် အဲဒါကြောင့် …

x